Next morning
Do နဲ့ yeol တို့နှစ်ယောက်
baek အလာကိုစောင့်နေကြသည်baek စက်ဘီးလေးစီးပြီး
Do တို့အိမ်ကိုလာတဲ့အချိန်မှာ
ပြောထားတဲ့အတိုင်းသူလာမှာကို
စောင့်နေတဲ့ ကောင်လေးကိုကြည့်ပြီး
baek တစ်ယောက်ပြုံးလိုက်မိသည်Yeol : ဟိုမှာလာပါပြီ မင်းမျှော်နေတဲ့သူ
နာမည်မေးဖို့လည်းမမေ့နဲ့Do : စိတ်ချပါ
Baek : တကယ်စောင့်နေတယ်နော်
Do : အင်း
Do ခေါင်းလေးအသာငြိမ့်ပြီးဖြေလိုက်သည်
Baek : ငါ့နာမည်က baekhyun ပါ
byun baekhyun မင်းနာမည်ကရော?Do : ငါ့နာမည်က Do kyungsoo
ငါနဲ့ရင်းနှီးတဲ့သူတွေက D.O. လို့ခေါ်တယ်Baek : ငါလည်း D.O. လို့ပဲခေါ်မယ်နော်
Do : ရပါတယ်
Baek : ငါ မင်းနဲ့သူငယ်ချင်းဖြစ်လို့ရလား
Do : သူငယ်ချင်း?
Baek : အင်း. ငါမင်းကိုခင်ချင်တယ်
Do : ငါလည်း မင်းနဲ့ ခင်ချင်တယ်
Baek : ဒါဆို ငါတို့အခုကစပြီး
သူငယ်ချင်းဖြစ်သွားပြီနော်Do : အင်း
Baek : မနက်ဖြန်လည်းစောင့်နေမယ်မလား
Do : စောင့်နေမယ်
Baek : ငါသွားပြီနော်
baek Do ကို ရယ်ပြပြီးထွက်သွားလေသည်
Do ကလည်းပြုံးကာလက်ကလေးပြပြီး
နှုတ်ဆက်ကျန်ခဲ့သည်baek ထွက်သွားတော့ yeol တစ်ယောက်
Do ဆီလျှောက်လာပြီးYeol : နာမည်ကဘာတဲ့လဲ
Do : baekhyun တဲ့ byun baekhyun
Do ဆက်တိုက်ပြုံးနေမိသည်
yeol လည်း Do ကိုကြည့်ပြီးလိုက်ပြုံးမိသည်
သူ့သူငယ်ချင်းပျော်ရင်သူလည်းပျော်သည်ဒီလိုနဲ့ Do နဲ့ baek မနက်ခင်းတိုင်းကို
အတူဖြတ်သန်းခဲ့ကြသည်
အချိန်ကြာလာတဲ့အမျှတစ်ယောက်အပေါ်
တစ်ယောက်ထားတဲ့သံယောဇဉ်ကလည်း
ကြီးမားလာသည် အရင်ကဆို yeol နဲ့အတူ
baek အလာကိုစောင့်ခဲ့ပေမဲ့
အခုဆို yeol ကိုမလာခိုင်းတော့ဘဲ
Do တစ်ယောက်တည်း စောင့်တော့သည်
နောက်ပိုင်း baek သတင်းစာပို့တဲ့နောက်
လိုက်သွားတတ်သည်