Tattoo Bond
အပိုင်း (၁)
ချောက်.. ချောက်..
မီးချောင်းဖွင့်မထားလို့ မှောင်မည်းနေတဲ့ အခန်းတစ်ခန်းအလယ်မှာ မီးလင်းနေတဲ့ computer တစ်လုံးရယ်.. ပြီးတော့ computer ပေါ်မှာ ဇာတ်လမ်း တစ်ပုဒ်ကို အသက်သွင်းနေတဲ့ လူတစ်ယောက်ရယ် .. သူ့ဆီက ကြားနေရတဲ့ ခလုတ်သံရယ်ပဲ ရှိတယ် ... အနားက လေထုကလည်း ဒီနေ့မှ အေးစက်နေသလိုပဲ ... အဲ့ဒီလူရဲ့ အနားက ရေခဲရေခွက်မှာ ရေငွေ့တွေ သီးနေတာကို ကြည့်ရုံနဲ့ သူဒီလို ထိုင်ပြီး စာရိုက်နေတာ ကြာပြီမှန်း သိနိုင်ပါတယ် ... အားလုံးက ပုံမှန်ပဲလို့ သင် ထင်ကောင်းထင်နိုင်ပါလိမ့်မယ် ... တကယ်တော့ ပုံမှန် မဟုတ်တာ တစ်ခုရှိတယ် ... စာရိုက်နေသူရဲ့ ဘယ်ဘက် လက်သူကြွယ်မှာ လက်စွပ်ပုံ Tattoo တစ်ခုက သင့်ကို လှောင်ရယ်နေခဲ့တယ်လေ ...
*********** Tattoo Bond **********
Suho's pov
'' ကျွန်တော်တို့ လက်ထပ်ရအောင် ''
အခုမှ ပထမဆုံးတွေ့ဖူးတဲ့ သူက အဲ့လို ပြောလာတုန်းက ကျွန်တော် သိပ်တော့ မတုန်လှုပ်သွားခဲ့ဘူး..
ကျွန်တော့် အမြင်က တကယ်တော့ အချစ်ဆိုတာ မလိုအပ်ဘူးလေ ... ချစ်ရင် ငွေကုန်ကြေးကျ များတယ် ... ကျွန်တော် အဲ့လို သုံးဖြုန်း မနေနိုင်ဘူး ... ပြီးတော့ အခု ကျွန်တော် တစ်ယောက်နေနေတာလည်း အဆင်ပြေနေရဲ့သားနဲ့ ... ဒါပေမဲ့ ကျွန်တော် သူ့ကို လက်ခံခဲ့တယ် ... ကျွန်တော့် ဘယ်ဘက်လက်မှာ Tattoo တစ်ခုနဲ့ ... အဲ့ဒီတုန်းက ကျွန်တော် အရမ်းမူးနေခဲ့တယ်လေ ....
ကျွန်တော်နဲ့ သူ စတွေ့တော့ Bar တစ်ခုမှာ ... ထုတ်ဝေသူနဲ့ စကားများပြီး စိတ်ရှုပ်နေတဲ့ ကျွန်တော်က အဲ့နေ့တုန်းက ကမ်းမမြင်လမ်းမမြင် မူးတဲ့အထိ သောက်ဖို့ စိတ်ကူးရှိခဲ့တယ်လေ ... အဲ့လို အချိန်မျိုးမှာ သူက ကျွန်တော် မဖိတ်ခေါ်ပဲ ကျွန်တော့်ဆီ ရောက်လာခဲ့တယ် ...