Ep ^ 2 ^
Chanyeol နဲ့ ချိန်းထားလို့ Jongin တစ်ယောက်ထဲ cafe ဆိုင်လေးထဲမှာ ထိုင်ရင်း နာရီတကြည့်ကြည့်နဲ့
Chanyeol နောက်ကျလိုက်တာ~~
အဲ့တာနဲ့ပဲ သူ့ရှေ့ပန်းကန်ထဲက ခက်ရင်းလေးနဲ့ သူမှာထားတဲ့ Cheese ကိတ်လေးကို မြည်းကြည့်လိုက်တယ်။
Hmmmmm....
ကိတ်မုန့်လေးက Jongin လျှာဖျားလေးပေါ်ရောက်တော့ နူးညံ့ပြီး ပျော်ဆင်းသွားတာ.... ရနံ့မွှေးမွှေးလေးက အာခံတွင်းထဲမှာ ပျံ့နေရော...
"Hmmm... စားလို့ ကောင်းလိုက်တာ...နူးညံ့နေတာပဲ...Japanese cheese ကိတ်လေး...ဒီလိုကိတ်မျိုးလေး တစ်ခါလောက် စမ်းလုပ်ကြည့်ရင် ကောင်းမယ်..."
Jongin တစ်ယောက် သူ့ကမ္ဘာလေးထဲမှာ သူတစ်ယောက်တည်းရှိသလို တစ်ယောက်ထဲ စကားပြောနေရင်း သူ့ရှေ့က ခုံကို တစ်ယောက်ယောက်ဝင်ထိုင်လိုက်တော့မှ မော့ကြည့်ရင်း Chanyeol မှန်းလည်း သိရော နှုတ်ခမ်းလေးဆူရင်း...
Jongin - "ဟေ့...အရမ်းနောက်ကျတာပဲ..."
Chanyeol တစ်ယောက် သူ့ရှေ့က ဆံပင်ရွှေအိုရောင်နဲ့ နှုတ်ခမ်းဆူနေတဲ့ Jongin မျက်နှာလေးကို တွေ့လိုက်တော့ သဘောကျစွာ ပြုံးလိုက်ရင်း
Chanyeol -"Mian..mian... (sorry...sorry) သူငယ်ချင်းတစ်ယောက်နဲ့ အရေးတကြီး ပြောစရာလေးရှိသွားလို့...Minah လေ..မှတ်မိလား... ငါတို့အိမ်နားမှာ Bubble Tea ဆိုင်ဖွင့်ထားတဲ့တစ်ယောက်..."
Jongin - "အင်း...သိတယ်... အဲ့ဆိုင်ကိုတော့ တစ်ခါမှမရောက်ဖူးသေးဘူး... မင်း ငါ့ကို ခေါ်သွားမယ်လို့ ကတိပေးထားတယ်လေ... မင်းခေါ်မှာကို စောင့်နေတာ...."
Chanyeol - "တကယ်... အင်း... နောက်အပတ်လောက် တူတူသွားကြမယ်လေ... ဘယ်လိုလဲ.."
Jongin - "Okay!"
သူလိုချင်တာရသွားတဲ့ ကလေးလေးလိုမျိုး Jomgin မျက်နှာလေး ပြုံးလိုက်သည်။
Chanyeol - "ဟင်... ဒါဘာလေးလဲ"
Chanyeol တစ်ယောက် Jongin လက်ထဲက ခက်ရင်းလေးယူရင်း japanese cheese ကိတ်လေးကို ယူမြည်းလိုက်တယ်။
Chanyeol - "hmm... စားကောင်းသားပဲ"
Jongin - "အင်း...ကောင်းတယ်ဟုတ်! ဒါတောင် နည်းနည်းလေးပိုကြာကြာအပူပေးလိုက်ရင် ပိုတောင် ကောင်းဦးမှာ..ဟီးဟီး..နောက်ထပ် ၂မိနစ်လောက်လေးပဲ ပိုအပူပေးလိုက်ရင် အရသာက မေ့မရနိုင်လောက်အောင် ဖြစ်သွားမှာ..."
BINABASA MO ANG
The Ugly Twin
FanfictionDescription "ရူးပါ့ကွာ!!! မင်း ချစ်ခွင့်ပန်လိုက်တာ သူမဟုတ်ဖူးကွ...သူ့အမွှာ" Forward -Kim Jongin, Kim Taemin ရုပ်ချင်းခွဲမရလောက်အောင် တူတဲ့ အမွှာညီအစ်ကိုပေမယ့ို့၂ယောက်လုံးရဲ့ ဘဝတွေက တောင်နဲ့ မြောက်လိုပဲ ဝင်ရိုးစွန်းတစ်ခုပေါ်မှာ အတူရှိနေပေမယ့် လုံးဝ...