Ep ^ 7 ^
ပရော်ဖက်ဆာအတန်းပြီးလို့ ထွက်သွားတော့ Kyungsoo လည်း ပစ္စည်းတွေသိမ်းရင်း...
Kyungsoo - "jongin-ah... ငါတို့ ဒီည graduation party သွားကြမလား.."
Jongin - "ငါတော့ သွားသင့်တယ်ထင်တယ်..."
Jongin လည်း သူ့ပစ္စည်းတွေသိမ်းနေရင်း..
Jongin - "ငါတို့က ဒီနှစ်မှ ကျောင်းသားသစ်တွေလေ... စီနီယာတွေရဲ့ ပွဲဆိုတော့ သွားသင့်တယ်ထင်တာပဲ... အရင်နှစ်တွေတုန်းကလဲ ဂျူနီယာတွေက အမြဲဂုဏ်ပြုပေးနေကျတဲ့... အစဉ်အလာလိုဖြစ်နေတော့ မသွားရင် ကောင်းပါ့မလားလို့..."
Kyungsoo က သူ့လွယ်အိတ်ကိုလွယ်ပြီး ထရပ်လိုက်ရင်း..
Kyungsoo - "အာ့တော့ဟုတ်သား... အာ့ဆို အတူတူသွားကြမယ်လေ.. ငါဒီည ၇နာရီလောက် မင်းအိမ်ကို ငါ့ကားနဲ့ပဲ လာကြိုလိုက်မယ်... ready လုပ်ထား... okay?.."
Jongin တအံ့တဩမော့ကြည့်ရင်း..
Jongin - "ဟင်... မင်းက ကားမောင်းတတ်တယ်??"
Kyungsoo - "အင်းလေ...ဘာလဲ.. ငါ့ရုပ်က ကားမောင်းတတ်တဲ့ပုံမပေါ်လို့လား.."
Jongin - "အဲ့လိုတော့လည်း မဟုတ်ပါဘူး... okay.. ငါ ညနေကျရင် စောင့်နေမယ်.."
Kyungsoo ပြုံးရင်း ခေါင်းညိမ့်ပြပြီး ထွက်သွားတော့ jongin လည်း မြန်မြန်သွက်သွက်သိမ်းရင်း kyungsoo အကြောင်းတွေးမိပြန်သည်။
Kyungsoo က အေးတိအေးစက်နဲ့မို့ ခင်တတ်မင်တတ်တဲ့ပုံစံမပေါက်ပေမယ့် တကယ့်တကယ်ကျ အဲ့လိုမဟုတ်။
Jongin အတန်းထဲက ထွက်လာပြီး ကော်ရစ်ဒါအတိုင်းလျှောက်လာရင်း ဘယ်ဘက်ကို လှည့်ကြည့်မိတော့ ဟိုဘက်အဆောင်ကော်ရစ်ဒါမှာ စကားရပ်ပြောနေတဲ့ သူ့အမွှာအစ်ကို Taemin နဲ့.... နောက်တစ်ယောက်က အရပ်ရှည်ရှည် ဆံပင်အညိုရောင်လေးနဲ့ ...
အော်... choi Minho ပဲ...
Taemin hyung က ဘယ်သူနဲ့မဆို ပြုံးပျော်နေတတ်တာ... လူတိုင်းကလည်း hyung အနားမှာဆို ပျော်ရွှင်နေကြတာပါပဲလေ...
Jongin ဆက်မကြည့်တော့ဘဲ သူ့လမ်းသူသာ ဆက်လျှောက်သွားလိုက်သည်။
Jongin ဟိုဘက်ကော်ရစ်ဒါကနေ လျှောက်သွားတာကို Minho က လှမ်းသတိထားမိလိုက်တာမို့...
BINABASA MO ANG
The Ugly Twin
FanficDescription "ရူးပါ့ကွာ!!! မင်း ချစ်ခွင့်ပန်လိုက်တာ သူမဟုတ်ဖူးကွ...သူ့အမွှာ" Forward -Kim Jongin, Kim Taemin ရုပ်ချင်းခွဲမရလောက်အောင် တူတဲ့ အမွှာညီအစ်ကိုပေမယ့ို့၂ယောက်လုံးရဲ့ ဘဝတွေက တောင်နဲ့ မြောက်လိုပဲ ဝင်ရိုးစွန်းတစ်ခုပေါ်မှာ အတူရှိနေပေမယ့် လုံးဝ...