B.I One Shot

406 28 7
                                    


♡ 🌹 Rose 🌹 ♡

Flashback,

သစ်ရွက်ခြောက်လေးတွေ ကြွေစပြုနေပြီ ဖြစ်တဲ့ နွေဦး
ကာလအချိန် ညနေခင်း တစ်ခုမှာ 5 နှစ် အရွယ်ကလေးလေး နှစ်ယောက် ကစားနေကြသည်...

Ha yi : Han Bin Nah ငါတို့နှစ်ယောက် ကြီးလာလို့ ပြန်
တွေ့တဲ့အခါ မမှတ်မိတော့ရင်ဘယ်လိုလုပ်မလဲ...

Han Bin : Wae!!! ဘာလို့မမှတ်မိရမှာလဲ နင်က အိမ်ပြောင်းတော့မှာ မို့လို့လား...

Ha yi : Arnyi... ဒီတိုင်းပဲမေးကြည့်တာပါ...

Han Bin : နင်နဲ့ငါနဲ့ကွဲဝါးလို့ရှိရင် ကြီးလာတဲ့အခါ ငါနင့်
ကိုမတွေ့တွေ့အောင် လိုက်ရှာမှာ ကမ္ဘာဆုံး တဲ့အထိ...

Ha yi : တကယ်နော်...ကတိပေး...

Han Bin : အင်း ...ကတိ...

Han Bin ရဲ့လက်သန်းလေးနဲ့ Ha yi ရဲ့လက်သန်းလေးနှစ်ခုချိတ်ပြီး ကြိုတင်မသိနိုင်တဲ့ အနာဂတ်အတွက် ကတိလေးထားရှိခဲ့ကြသည်...

Flashback end......

Bobby : Yah Kim Han Bin ဘာငိုင်နေတာလဲ...ဆိုင်မှာ
လူကျနေပြီ...ဒီကို ခဏလာကူဦး...

Han Bin pov : ကျတော် တွေးလက်စ အတွေးတွေလဲ
Bobby အသံကြောင့် ပြတ်တောက်သွားတယ်...အခု
ဆို ကျတော်အသက်လဲ 20 ရှိပြီလေ...Ha yi ကတော့
ဘယ်တွေရောက်နေမှန်းမသိခဲ့ဘူး...

ထိုနေ့ ကျတော်တို့ ပန်းခြံမှာ ကစားခဲ့တဲ့နေ့က ကျတော်
တို့ နှစ်ယောက်တွေ့ခဲ့တဲ့ နောက်ဆုံးနေ့ပင်။ထိုနေ့က
သူမကို ကတိပေးခဲ့တာ နမိတ်ဖတ်သလို များဖြစ်နေ
လားမသိဘူး။သူမကို ကတိပေးပြီး နောက်တစ်နေ့
သူမကိုစောင့်နေခဲ့တာ အရိပ်အယောင်လေးပင် ပေါ်
မလာခဲ့ချေ။နောက်နေ့ နောက်နေ့ ပေါင်းများစွာ သွား
စောင့် သော်လည်းပေါ်မလာပေ။ကျတော်လည်း
ထို ပန်းခြံလေးနား ကရပ်ကွက်မှ အိမ်ပြောင်းသွားပြီး
နောက် ပန်းခြံလေးတွင် သူမကိုသွားမစောင့်ဖြစ်တော့။
တစ်ခါတစ်ရံ လမ်းကြုံမှသာ ၀င်ကြည့်ဖြစ်တော့သည်၊၊

ယခုဆို သူမနဲ့မတွေ့ရတော့တာ 15 နှစ်တောင်ပြည့်ခဲ့
ပြီ။သူမနှင့် ပေးထားသောကတိကို တည်ရန်ယခုဆို
ကျတော် အလုပ်ကြိုးစားနေပြီလေ။ကျတော်တို့
ကျောင်းတုန်း ကသူငယ်ချင်း 7 ယောက်ပေါင်း၍ Cafe
လေးတစ်ခုဖွင့်ထားသည်။7 ယောက်လုံးက ပိုက်ဆံ ချမ်းသာသူများမဟုတ်တာကြောင့် အလုပ်သမား မငှားပဲ ကိုယ်တိုင်ပင် စားပွဲထိုးလုပ် ကော်ဖီဖျော် မုန့်လုပ် သန့်ရှင်းရေးလုပ်ကြရသည်။

iKON One ShotsTahanan ng mga kuwento. Tumuklas ngayon