မွှေးပျံ့တဲ့ကော်ဖီရနံ့က ဆိုင်ထဲမှာပျံ့လွင့်နေသည် ထောင့်ကျကျဝိုင်းမှာတော့ ကောင်လေးနှစ်ယောက် တစ်ယောက်ကတစ်ယောက်မျက်နှာကိုမယုံ
ကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေသည်luhan ; kyung soo မင်းက မဖြစ်နိုင်တာ မင်းအကြောင်းငါအသိဆုံးပါကွာ မင်းဘယ်လောက် pilot ဖြစ်ချင်လဲ ဘယ်လောက်ကြိုးစားခဲ့လဲ
kyung soo တချက်ပြုံးလိုက်သယောင် နှုတ်ခမ်းထောင့်စွန်းနှစ်ဖက် ကွေးညွှတ်သွားသည် ဒါပေမယ့်သူမပြုံးမိ
kyung soo; ငါအတည်ပြောနေတာ ပြီးတော့ မင်းမလာခင်ပြဿနာဖြစ်ထားသေးတယ်
luhan ; ဘာပြဿနာလဲ
kyung soo ကဖြစ်ခဲ့သမျှအကုန်ပြောပြလိုက်တော့ luhan ခေါင်းခါလိုက်ပြီး
luhan ; airport ထဲမှာဖြစ်ခဲ့တာ မှားတယ်ထားဦး ဒါမင်းအမှားမှမဟုတ်တာ ပြီးတော့ မင်းအပြစ်ဒဏ်ကမလွန်လွန်းဘူးလား
pilot တစ်ယောက်ကိုအလုပ်ထွက်ခိုင်းတာက လေယာဉ်တစ်စီးကိုအတောင်ဖြုတ်လိုက်သလိုပဲကွမင်း …kyung soo အလုပ်ထွက်ရမှာလား
သူတို့အသံလာရာကိုလှည့်ကြည့်လိုက်တော့ luhan လိုပဲမယုံသင်္ကာဖြစ်နေတဲ့ chanyeol
yeol သူတို့ဆီလျှောက်လာပြီ ခုံမှာဝင်ထိုင်လိုက်တယ်
yeol; ငါမေးနေတယ်လေ kyung soo
luhan ; yeol ya ခု မသေချာသေးပါဘူးကွာ
kyung soo; မဟုတ်ဘူး သေချာသွားပြီ ကိုယ့်အပြစ်အတွက်တာဝန်ယူရမှာပေါ့ မင်းတို့ပြောစရာမရှိရင် ငါပြန်ပြီ
ပြောပြောဆိုဆိုနဲ့ထထွက်သွားတဲ့kyung soo ကိုကြည့်ပြီး သူတို့သက်ပြင်းချရုံကလွဲပြီး ဘာမှမလုပ်နိုင်ကြ
✈✈✈✈✈✈✈✈✈✈✈✈✈✈✈✈✈✈✈✈
ဝုန်းခနဲ တံခါးကိုသူတွန်းဖွင့်ပြီး အခန်းထဲဝင်လိုက်သည်
kris ; ဘာလုပ်တာလဲ မင်းမှာmanner မရှိဘူးလား
jong in ; ရိုင်းသလိုဖြစ်သွားရင်တောင်းပန်ပါတယ် ကျွန်တော်မေးစရာရှိလို့ပါ