(Zaw)
၁၉၉၂ခုနှစ်၊ နိုဝင်ဘာလ၊ ၂၇ရက်နေ့တွင် ကျွန်တော် ဆိုသည့် ပတ်ချန်ယောလ်တစ်ယောက် လူလောကကြီးထဲ စတင်ရောက်ရှိခဲ့သည်။ ဒါပေမယ့် သူများတွေလို ကြီးမားသည့် ဆေးရုံအတွင်းရှိ ဆရာဝန်များ၊ သူနာပြုဆရာမများရဲ့ ဂရုစိုက်ပေးသည့် မွေးကင်းစ ကလေးငယ် အနေအထားမျိုးတော့ မဟုတ်ခဲ့ပါဘူး။
မြို့ပြနှင့် အလှမ်းဝေးကွာလွန်းသော ကျေးလက်ရွာကလေးတစ်ရွာရဲ့ တိတ်ဆိတ်သည့် ည သန်းခေါင်ယံအချိန်မှာ ကျွန်တော်ဆိုသည့်ကောင်က ကမ္ဘာကြီးကို ငိုသံနှင့် စတင်နှုတ်ဆက်ခဲ့သည်။ မျက်နာထားဆိုးသည့် လက်သည်မိန်းမကြီးရဲ့ ကြောက်စရာအပြုံးကို ကျွန်တော် ပထမဆုံးမြင်ခဲ့ရလိမ့်မည်ထင်ပါသည်။
အဖေမပေါ်ပဲ တိတ်တဆိတ်မွေးဖွားသည့် မေမေက ထိုအချိန်က ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းသူလေးပင် ရှိသေးသည်။ ထိုကြောင့် ကျွန်တော်က မွေးကင်းစအရွယ်မှာပင် မိဘမဲ့ကျောင်းသို့ စွန့်ပစ်ခံခဲ့ရသည့် ကလေးတစ်ဦးပင် ဖြစ်သည်။ ကျွန်တော်ဆိုသည့် ကောင်က ပထမဆုံးမွေးဖွားလာစဉ်ကပင် လောကကြီးအတွက် ကောင်းမွန်သောအရာတွေ မယူဆောင်လာခဲ့သူပင် ဖြစ်သည်။
မိဘမဲ့ကောင်။ အဖေမပေါ်ပဲ မွေးတဲ့ကောင်။ ရန်လိုတဲ့ လူ့အရိုင်းအစိုင်းကောင်။ စသည့်စသည့် ဂုဏ်ပုဒ်များနှင့် ကြီးပြင်းလာခဲ့သူပင်။ တစ်ခါတစ်ရံ ဆွေမျိုးသားချင်းမရှိသည့် တစ်ကောင်ကြွက်ဘဝကို မုန်းတီးမိပေမယ့် တစ်ခါတစ်ရံတော့လည်း ငဲ့ကွဲ့စရာ မည်သူမျှမရှိသည့် လွတ်လပ်သောကျွန်တော့် ဘဝကို ကျွန်တော် သဘောကျမိပြန်သည်။ ဒါကြောင့် ဆိုးရွားသည့် လမ်းများကို ကျွန်တော် လျှောက်ခဲ့ဖူးသည်။ မကောင်းသည့် လုပ်ရပ်များကို ကျွန်တော် လုပ်ခဲ့ဖူးသည်။ အထက်တန်းမအောင်သည့် ကျွန်တော်က မကောင်းသည့် အပြာကားရိုက်ကူးရာတွင်တော့ သူမတူအောင် ထူးချွန်ပြောင်မြောက်သူပင်ဖြစ်ခဲ့သည်။ စိတ်ညစ်စရာတွေ များပြားလှသည့် လောကကြီးထဲ မိနစ်၃၀အချိန်ကာလက ကျွန်တော့်ကို စိတ်ကျေနပ်မှုအပြည့်အဝဖြစ်စေသည်လေ။ အလိမ်အညာတွေ များပြားလှသည့် အတုအယောင် ကမ္ဘာကြီးမှာ အိပ်ရာအထက်မှာ မိန်းမတစ်ယောက်နှင့် ကာမဆန္ဒဆက်ဆံရေးက ကိုယ်ပေးသလောက် ပြန်ရသည့် ခံစားမှုပင် မဟုတ်လား။
ESTÁS LEYENDO
ဦးဆုံး (first)
De Todoပထမဆုံးဆိုသည့် အရာတွေကို ကျွန်တော် တန်ဖိုးထားသည်။ ဒိုဂျောင်ဆူး ပတ်ချန်ယောလ် ( လူလားမြောက်ပြီဟု သင်ထင်ပါက ဖတ်လို့ရပါသည်။ ဖတ်ပြီး တာဝန်မယူပါ။ )