Me and Smile~

4.6K 268 36
                                    

"I feel like if I keep on acting, one day, I'll become real too"

Hinazuki Kayo
Boku dake ga inai machi

ဒီစကားနဲ့ ပတ်​သတ်​လို့.....ကျွန်​​တော်​ ခံစားမိသ​လောက်​က..... မှန်​တယ်​ လို့​ ​ပြောရမှာပါပဲ....

ဒီလိုသာဆက်​ပြီး သရုပ်​​ဆောင်​သွားရင်​ တ​နေ့မှာ အစစ်​အမှန်​ဖြစ်​လာမယ်​ ဆိုတာ.... ​ပြောရရင်​ အတိတ်​တစ်​ခု​ပေါ့​လေ....လွန်​ခဲ့တဲ့ ကာလရှည်​ကြာက အတိတ်​တခု....ကျွန်​​တော့်​​ဘေးမှာ ဘယ်​သူမှမရှိခဲ့စဉ်​က​ပေါ့..... မူလတန်း​လောက်​က ဖြစ်​မလား? တကယ်​​တော့ ကျွန်​​တော့်​မှာသူငယ်​ချင်းအရင်း​ကောင်း​ကောင်းရယ်​လို့ မရှိခဲ့ပါဘူး! ကျွန်​​တော်​လို ခပ်​​ကြောင်​​ကြောင်​ အ​ပေါင်းအသင်းမလုပ်​တတ်​တဲ့​ ကြောက်​တတ်​တဲ့ သူက များ​သောအားဖြင့်​ တစ်​​ယောက်​ထဲပဲရှိ​လေ့ရှိတယ်​! ကျွန်​​တော်​လူ​တွေကို ဘယ်​လို​ပေါင်းသင်းရမယ်​ဆိုတာ နာမလည်​ခဲ့သလို အလွယ်​တကူ လှည့်​စားခံရ​လေ့ရှိပြီး ကျွန်​​တော်​က အလွန်​​ကြောက်​တတ်​တယ်​! မတူညီတဲ့ ​ကျောင်း​တွေကို ​ရွှေ့​ပြောင်း​နေရ​တော့ သူငယ်​ချင်းဖြစ်​ဖို့ အချိန်​မရတာလား? ဒါက အ​ကြောင်းပြချက်​တစ်​ခုလည်းဖြစ်​မှာပါ! ကဲ....ဒါ​တွေထား​တော့ ...ကျွန်​​တော်​ သိတတ်​လာတဲ့ အရွယ်​​ပေါ့ လူ​တွေကြားထဲ​နေပြီး တစ်​​ယောက်​ထဲ ကျန်​မ​နေချင်​​တော့တဲ့ အရွယ်​မှာ ကျွန်​​တော်​ စပြုံးလာခဲ့ပါတယ်!

အဲ့ဒီ့အချိန်​က ရခဲ့တဲ့ သူငယ်​ချင်းတစ်​​ယောက်​ရဲ့ ​ပြောစကားကို အခုထိမ​မေ့​သေးဘူး!

"နင်​က ငါ့မြင်​တိုင်း ပြုံးပြ​နေပြီး ငါနင့်​ကို ​တွေ့တိုင်းပြုံး​နေ​တော့ နင်​က ခင်​ဖို့​ကောင်းမယ်​ အမြဲပြုံး​နေတာပဲလို့ ထင်​ပြီး နင်​နဲ့ခင်​ခဲ့တာ" တဲ့​လေ......

ကျွန်​​တော်​ ဘာပြန်​​ဖြေခဲ့တယ်​ ထင်​လည်း?

"ငါက ဘာလို့ပြုံးလည်းဆို​တော့ ငါ့ကို လူ​တွေမဲ့ပြမှာ မလိုချင်​ဘူး​လေ ဒါ​ကြောင့်​ ငါ အရင်​ပြုံးထားလိုက်​တယ်​"

ဒါကျွန်​​တော့်​ရဲ့ အ​ဖြေပါပဲ......

အဲ့ဒီ့အချိန်​က သရုပ်​​ဆောင်​ပြီး ပြုံးခဲ့တဲ့ အပြုံး​တွေက အခု​တော့ အစစ်​ဖြစ်​သွားခဲ့ပြီ​လေ......

ဒါဟာ ကြာလာ​တော့ သရုပ်​​ဆောင်​မှု တစ်​ခုက အစစ်​အမှန်​ဖြစ်​သွားတာပဲ! အချိန်​ကြာလာတဲ့ အမျှ ကျွန်​​တော်​နဲ့ အပြုံး​တွေက အသားကျလာတာပဲ!

ကျွန်​​တော်​ ပြုံး​နေတတ်​ပြီ....လုပ်​ယူစရာ သရုပ်​​ဆောင်​စရာမလို​အောင်​ ဟန်​​ဆောင်​မှု မရှိပဲ စိတ်​ပါလက်​ပါ ပြုံး​နေတတ်​ပြီ​လေ..........

My Feeling,My Thinking and My MemoryOpowieści tętniące życiem. Odkryj je teraz