Zawgyi
မနက်ခင်းပိုင်းရဲ့ အလင်းရောင် ကျရောက်သောကြောင့် အိပ်နေသောကောင်မလေးနှစ်ယောက်အနက် တစ်ယောက်အရင်နိုးလာသည်
Tae က နိုးလာပြီး လက်ဆန့်လိုက်ဖို့လုပ်တဲ့ အချိန်မှာ သူ့ လက်ပေါ်မှာတစ်ခုခုတင်နေသလိုခံစားရပြီး ဘေးနားမှာ နွေးထွေးမှုအငွေ့အသက်ကိုခံစားလိုက်ရ၍ လှည့်ကြည့်လိုက်တော့ Fany က သူ့လက်မောင်းပေါ်မှာအိပ်နေသည်ကိုတွေ့ရသည် Tae လည်း Fany ရဲ့ ဆံပင်ကိုသပ်တင်လိုက်ရင်း သူ့မျက်နှာလေးကိုကြည့်နေလိုက်သည် ပြီးမှ ထဖို့ ပြင်သည် Tae က သူ့လက်မောင်းကို Fany မနိုးအောင် Fany ခေါင်းကို လက်တစ်ဖက်နဲ့အသာ မ, ပြီး ဆွဲထုတ်လိုက်တယ် ဒါပေမဲ့ သူ့လက်မောင်းရော နောက်လက်ဖက်ပါ ပူနေတာကို ခံစားမိတော့ Fany နဖူးကို စမ်းကြည့်လိုက်သည်
Tae's p.o.v- Fany ကိုယ်တွေအရမ်းပူနေတာပဲ မဖြစ်သေးပါဘူး
Tae လဲ Fany မနိုးအောင် အသာလေး အခန်းထဲက ထွက်လိုက်ရင်း သူ့အခန်းထဲသွားပြီး မျက်နှာအရင်သစ်လိုက်သည် ပြီးတော့ မီးဖိုချောင်ထဲ သွား၍ ဆန်ပြုတ် ပြုတ်လိုက်သည် ဆန်ပြုတ်ပြုတ်ပြီးတော့ အသင့်ဆောင်ထားတဲ့ အဖျားကျဆေးတွေကို ယူလိုက်သည် ပြီးတော့ ဆန်ပြုတ်ကို အေးအောင် အောက်က ရေဇလုံထဲ ရေထည့်ဲပြီး ဇလုံထဲမှာခဏ စိမ်ထားလိုက်သည် ဆန်ပြုတ်အေးအောင်စောင့်ရင်း Tae လဲ ရေခွက်ထဲ ရေတွေထည့်၍ တဘတ် ယူပြီး Fany ဆီသွားလိုက်သည် တဘတ်ကို ခွက်ထဲ နှစ်လိုက်ပြီး ရေညှစ်လိုက်သည် ပြီးမှ Fany မျက်နှာကိုသုတ်ပေးပြီး လည်ပင်းနဲ့ လက်မောင်းကိုရော သုတ်ပေးပြီးခါကျမှ နဖူးပေါ်ပြန်တင်ပေးထားလိုက်တယ် ပြီးတာနဲ့ အောက်ကိုဆင်းပြီး ဆန်ပြုတ်ကို လင်ဗန်းထဲထည့်ပြီးဘေးက ဆေးနဲ့ ရေဖန်ခွက်ပါ တစ်ခါတည်း ထည့်လိုက်သည် အဲ့ဒီလင်ဗန်းကို Fany ကုတင်ဘေးက စားပွဲခုံပေါ်တင်လိုက်သည်
ပြီးတော့ Tae က Fany ကုတင်ဘေးမှာ ဒူးလေးထောက်ထိုင်လိုက်ပြီး Fany ကိုနှိုးလိုက်သည်
ESTÁS LEYENDO
High Class,Low Class,No Class (Uni+Zawgyi)
FanficNot Mine Originally from AFF Original Writer-rumdum09