Red Dandellon( kaisoo )

209 16 0
                                    

"Soo .. ​တောင်​ဇလပ်​ပန်း​တွေပွင့်​​နေပြီ အရမ်းလှ​နေတာပဲသိလား ..
တောင်​​စောင်းတခုလုံး နီရဲ​နေတာပဲသိလား... "

"မှတ်​မိ​သေးလား တချိန်​ကဒီ​နေရာ​လေးမှာ မင်း​နေချင်​တယ်​လို့​ပြောဖူးတယ်​​လေ .. အခု​နေ​နေရ​တော့ ကိုယ့်​ကို​မေ့​နေပြီလား "

"မကြာခင်​ကိုလည်းလာ​နေရ​တော့မှာပါ ခဏ​လောက်​သည်းခံဦး​နော်​ ..
Saranghae ... yowani "

Flash back-
"Soo .. "

"Soo... ချစ်​​ရေ... "

တောင်​ဇလပ်​ပန်းကြားထဲက ​ခေါင်းတလုံးထွက်​လာပြီး အသည်းပုံ အပြုံး​လေးနဲ့အတူ
"Kai .. ဒီမှာ ... "

Kaiက sooဆီ​ပြေးသွားလိုက်​ပြီး အ​နောက်​ဖက်​ကဝင်​ထိုင်​လိုက်​ပြီး ခါးကိုဖက်​ထားလိုက်​သည်​။

"Soo. ဒီမှာဘာလုပ်​​နေတာလည်း ​တောင်​​လေက အရမ်း​အေးတာကို"

သူကပြုံးလိုက်​ပြီး
"​တောင်​ဇလပ်​ပန်း​လေး​တွေကိုအရမ်းသ​ဘောကျတာ ဖြစ်​နိုင်​ရင်​ဒီနားမှာပဲ​နေချင်​တယ်​ "

"​နေရမှာ​ပေါ့ sooရယ်​ ...
ကိုယ်​တို့ဒီနားမှာအိမ်​​လေးတလုံး​ဆောက်​ပြီးတသက်​လုံးအတူတူ​နေကြမယ်​"

Sooကသက်​ပြင်းချလိုက်​ပြီး
"Kai .. ဒီတခါထပ်​ပြီး စစ်​ပွဲသွားရဦးမှာမလား "

"အင်း .. ဒီတခါပြန်​လာရင်​ ကိုယ်​တို့ကျိန်း​သေ​ပေါက်​လက်​ထပ်​ကြမယ်​"

"kai ..soo​လေ စစ်​ပွဲ​တွေကိုအရမ်းမုန်းတာပဲ ကိုယ်​ စစ်​ပွဲထဲပါသွားတိုင်း
ဒီ​နေရာမှာလာပြီးဆု​တောင်း​နေရတာ
Kaiပြန်​မလာ​တော့မှာအရမ်း​ကြောက်​တယ်​ "

သူ့ပါးပြင်​ကိုကျလာတဲ့မျက်​ရည်​​လေး​တွေကို သုတ်​​ပေးလိုက်​ရင်း
"ကိုလည်း မသွားချင်​ပါဘူး ဒါ​ပေမယ့်​ကိုကအရာရှိတ​ယောက်​​လေ အ​ရေးကြုံလို့​ရှောင်​​ပြေးလို့မှမရတာ "

"သိပါတယ်​ kaiက သတ္တိရှိမှန်းသိပါတယ်​ ... "

"Kai ​တောင်​ဇလပ်​ပန်း​လေး​တွေဘာလို့နီလဲသိလား "

ရုတ်​တရက်​သူ့​မေးခွန်းကို ​ခေါင်းခါပြလိုက်​ပြီး
"ကိုမသိဘူး "

MISSED CHANCESDonde viven las historias. Descúbrelo ahora