"အချစ်ဆိုတာ .....
သူ့အနားရှိနေမှမဟုတ်ပါဘူး
သူရှိနေတယ်ဆိုတဲ့အသိလေးနဲ့
ကိုယ့်နှလုံးသားမှာ
ပြည့်စုံနေခြင်းပါပဲ"Sehun pov:
အချစ်တခုထဲနဲ့ ဘဝတစ်ခု တည်ဆောက်လို့မရဘူး ဆိုတာယုံလား?ကျွန်တော့အဖြစ်က အချစ်တွေအများကြီးနဲ့ အရှုံးသမားဖြစ်ဖို့ ရွေးချယ်ခဲ့တယ်
ကျွန်တော်အရမ်းချစ်ရတဲ့သူက
ရွှေလင်ဗန်းနဲ့ အချင်းဆေးလာတဲ့
ရွှေမျိုး ရွှေနွယ်ကျွန်တော်ကရော ...
ကျွန်တော်က သာမာန်လူတစ်ယောက်ပါပဲ။ စာအရမ်းတော်လို့ scholarနဲ့ကျောင်းတက်ရတဲ့သူတစ်ယောက်ပေါ့သူ့ကို tutorပြန်ပြရင်း တနေ့ပြီးတနေ့ သူကမသိမသာနဲ့ ကျွန်တော့နှလုံးသားထဲ ဝင်ရောက်လာခဲ့တယ်
သူ့ဘက်က အခွင့်အရေးပေးတာတွေကိုလည်း မသိဟန်ဆောင်ခဲ့မိတယ်
ဒါပေမဲ့ ကျွန်တော်သူ့ကိုသိပ်ချစ်ပါတယ် ...
::::::::::::::::::::::::::::::::::::::
သူနဲ့ကျွန်တော်က အမြဲတမ်းတတွဲတွဲနဲ့မို့ ရည်းစားတွေလား သူများတွေကနောက်ပြောင်ကျချိန်မှာ
ရှက်ပြုံးလေးနဲ့ မဟုတ်ပါဘူးလို့ ငြင်းနေတဲ့သူ့ကိုကြည့်ရင်း ပိုချစ်မိတယ်ကျွန်တော်နဲ့အတူတူ bubble teaလိုက်သောက်ပေးတဲ့သူ့ကို ပိုချစ်လာမိတယ်
အချိန်ကြာလာတာနဲ့အမျှ သူ့ကို ကျွန်တော့ ရင်ဘက်ထဲက ထုတ်မရအောင်ဖြစ်လာတယ်
ကျွန်တော့အိမ်မက်တွေရဲ့ အရှင်သခင်ဖြစ်လာခဲ့တယ်
ကံကြမ္မာက မျက်နှာသာပေးလို့လားပဲ သူကအရင် ချစ်တယ်ဆိုပြီး ဖွင့်ပြောလာတယ်
ဒါပေမဲ့ ကျွန်တော်က ငြင်းဆန်ခဲ့တယ် ...
ဘာဖြစ်လို့လဲသိလား
ကျတော့ဘဝမှာ ပိုက်ဆံဆိုတာမရှိဘူးလေ ..
သူကရော ..
ပိုက်ဆံတောထဲ လက်ပစ်ကူးနေရသူပေါ့သူကျွန်တော့ဆီဝင်လာခဲ့ရင်
ချို့တဲ့တဲ့နဲ့ စိတ်ဆင်းရဲနေမှာ လုံးဝသေချာတာပေါ့အဲဒီနေ့က ငိုပြီးထွက်သွားတဲ့ သူ့ကျောပြင်လေးက အခုထိ ကျွန်တော့ အိမ်မက်ထဲမှာ ပါဝင်နေဆဲပါပဲ
အဲဒီအချိန်ကတည်းက အခုထိ ရည်းစားလုံးဝမထားခဲ့မိဘူး
အခု ၁၀နှစ်ကြော် ကြာလာခဲ့ပြီကျွန်တော်လည်း Aceကုမ္ပဏီရဲ့ CEO တစ်ယောက်ဖြစ်နေပြီ
သူ့သတင်းကိုလဲ အခုထိ စုံစမ်းနေဆဲပါပဲ
နောက်ဆုံးသတင်းအရတော့ သူတို့တစ်မိသားစုလုံး Americaကို အပြီးထွက်သွားတယ်တဲ့ဒါပေမဲ့ ကျွန်တော်စောင့်နေဆဲပါပဲ
လက်လွှတ်လိုက်ရတဲ့ ပထမအချိန်ကလို ပျော့ညံ့တဲ့သူမဟုတ်တော့ပါဘူးဒီခါဆိုရင်တော့ ကျွန်တော့ဘက်က အရင်ဖွင့်ပြောပြီး အမိအရဆွဲထားမှာပါ
Second chanceကို စောင့်နေဆဲပါပဲ ...
ESTÁS LEYENDO
MISSED CHANCES
Fiksi PenggemarExo fan-fictions *yaoi* *angst* if u don't like boyxboy actions then go back