"Dr.Wu Yi Fan"
စိတ်ညစ်ပါတယ် ဒီလူတွေနဲ့ကတော့လေ...
သိပ္ပံဂျာနယ်က ဆောင်းပါးဆိုလို့ ရေးပေးနေ
ရသေးတာနဲ့မအားဘူး ငြင်းထားတာကိုတောင်နောက်ပြီး Top Secret တဲ့ ...... လျှို့ဝှက်တယ်
ဆိုလဲ ဘာလို့သူ့ကိုလာခေါ်ပြီးအကူအညီ
တောင်းနေသေးလဲ ကိုယ့်ဘာသာကို လျှို့ဝှက်
ထားကြပါတော့လားနော်။ ............လျှို့ဝှက်ချက်တွေနဲ့နောက်တခါပတ်သတ်ပြီး
သေလောက်မယ့် ဝေဒနာတွေကို နောက်တခါ
ခံစားဖို့လောက် သူခံနိုင်ရည်မရှိတော့ဘူးလေ..."Dr.Wu Yi Fan"
တော်တော်လေးကိုမှ စိတ်ပျက်လာမိပြီ။
နဂိုထဲက စိတ်သိပ်ရှည်တာမဟုတ်တော့
ကြာရင်အော်မိတော့မယ်။ .........ဆောင်းပါးအတွက် ဖတ်ရတာအဆင်ပြေအောင်
စကားလုံးဆီလျော်ဖို့ဂရုစိုက်ရသေးတယ်
နားလည်လွယ်အောင် ထိရောက်တဲ့စကားလုံး
သုံးဖို့လဲလိုအပ်သေးတယ် .........အဲ့ဒီလိုလုပ်ဖို့တိတ်ဆိတ်ငြိမ်းချမ်းတဲ့နေရာ
တခုကိုလိုအပ်တယ် ...... အခုတော့ဖြင့်
စမ်းသပ်ခန်းအပြင်ဖက် ပတ်ပတ်လည်မှာ ဝတ်စုံပြည့်နဲ့ထိပ်တန်း security တွေ ......စမ်းသပ်ခန်းထဲမှာလဲ သူ့ဘေးနားက နားပူ
နေတဲ့ လူရဲ့အစောင့်တွေ ...... မျက်စိဒေါက်ထောက်ကြည့်နေကြတာကိုပဲ......ဘာမှဆက်ရေးလို့မရမယ့်အတူတူတော့......
သီးသန့်အလုပ်ခန်းထဲကိုပဲ လာခဲ့ဖို့ခေါ်မိတယ်
ဒါပေမယ့် ........."ခင်ဗျားရဲ့စစ်တပ်ကြီးကို အပြင်မှာထားခဲ့စမ်း
ပါဗျာ ......... ကျွန်တော့် အလုပ်ခန်းကကျဉ်း...""Mr.President အဆင်ပြေပါ့မလား......"
အိုးကမပူ စလောင်းကပူတယ်ဆိုတာ ဒါမျိုး
ကာယကံရှင်တောင် ကိုယ့်အတွက်ကိုယ်
စိတ်မပူလို့လိုက်ဝင်မလို့ကို ဒင်းတို့က......"ရတယ် ရတယ် အပြင်မှာပဲစောင့်နေ"
သိပ်ပြီးဟိတ်ကြီးဟန်ကြီးနေချင်ပုံမရဘူး......
လေသံကိုက ခပ်အေးအေးရယ် ...............
စာရေးနေတာကိုသာ လာမနှောင့်ယှက်ရင်
လေးစားမိမှာတော့အမှန်ပဲ ............
![](https://img.wattpad.com/cover/67675060-288-k539388.jpg)