မသိခြင်းရဲ့အစ

5.5K 376 22
                                    


ပထမဆုံးအတွက် ဒုတိယမြောက်ဆုံးရှုံးခြင်း

'' မင်းရွေးချယ်လိုက် Kim Jong In .........

ပထမတစ်ယောက်ကို နောင်တတွေအတွက် သစ္စာရှိရှိ ချစ်သွားမလား ............

ဒုတိယတစ်ယောက်ကို ဒူးထောက်ခယ ချစ်မလား ''

မယုံနိုင်အောင် နာကြည်းစူးရှနေတဲ့ မျက်ဝန်းစူးစူးတွေက

မျက်ရည်တို့နဲ့ မလိုက်ဖက်စွာ တောက်ပလို့ ......

တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးတို့က

သူနောင်တတွေနဲ့ ချစ်ရတဲ့ ပထမတစ်ယောက်လား

သူအဆုံးရှုံးမခံနိုင်အောင် မြတ်နိုးရတဲ့ ဒုတိယတစ်ယောက်လား ...... ဝေခွဲမရနိုင်စွာ

အားစေးထည့်ထားသလို အံသြထိတ်လန့်စွာ

ကြောင်ငေးကြည့်နေမိရင်း

နောက်ထွက်လာတဲ့ စကားသံကြောင့် သူ့ရှေ့အရုပ်ကြိုးပြတ် ဒူးထောက်ခဲ့မိသည်

'' သေချာတာကတော့ သူတို့နှစ်ယောက်လုံး

မင်းကို မရွေးချယ်ဘူး ... Kim ... Jong ... In ...... ''

တားဆီးမရတဲ့ မျက်ရည်တု့ိနဲ့ ကူကယ်ရာမဲ့ မော့ကြည့်မိတော့ .........

ခပ်လှောင်လှောင် အပြုံးတစ်ခုက လှပစွာကြိုဆိုနေသည်

'' ငါ ...... ငါ့ကို ထပ်ပြီး ...... မထားခဲ့ပါနဲ့ ...... ငါ

ငါတောင်းပန်ပါတယ် ...... ငါ ...... ငါ ......''

'' ဟုတ်တယ် မင်း အဲလို ဖြစ်နေရမှာ ......

နောင်တတွေ ပူဆွေးမှုတွေ ဆုံးရှုံးမှုတွေနဲ့ ......

ကျန်တဲ့ဘဝ တစ်လျှောက်ကို ဖြတ်သန်းရမှာ......

အဲလိုပုံ ဖြစ်နေရမှာ ...... ''

မျက်ရည်များကြားက မီးဝင်းဝင်းတောက်နေတဲ့ မျက်ဝန်းတွေက သူ့အတွက် ကြင်နာမှု ချစ်ခင်မှု

မဟုတ်ဘူး မဟုတ်ဘူး သနားညှာတာမှု တစ်စိုးတစ်စေ့လေးတောင် ရှိမနေတာလား

ကြောက်စရာကောင်းလိုက်တာ

'' ငါမှားသွားတယ် ......... ငါမှားသွားပါတယ်ကွာ

ပထမဆုံးအတွက် ဒုတိယမြောက်ဆုံးရှုံးခြင်း  Tahanan ng mga kuwento. Tumuklas ngayon