ပထမဆုံးအတွက် ဒုတိယမြောက်ဆုံးရှုံးခြင်း
'' Mian ...... Sehun Ah ...... အရမ်းနေမကောင်းဖြစ်နေလား ''
အိပ်ယာပေါ် တက်ထိုင်ရင်း နှဖူးကို စမ်းလိုက်တဲ့ ခနမှာပင်
ဝေဒနာတွေ ကင်းစင်သွားသယောင်
'' မင်း အစောကတည်းက နေမကောင်းဘူးဆို နေမကောင်းဘူးပြောပါလားကွာ ......အခုတော့
ငါ့အဆိုးဖြစ်တာပေါ့ ......''
ဘာမှမပြောပဲ ကြည့်နေလိုက်သည်
ကြည့်ပါဦး နှုတ်ခမ်းကို တစ်တောင်လောက်ဆူကာ
ပြောနေပုံက
'' အေးကွာ ...... ငါကလဲ ငါပဲ
ပထမဆုံး anniversary ကို မင်းအစစအရာရာ စီစဉ်ပေးရက်သားနဲ့
ပန်းဝယ်ဖို့ မေ့နေခဲ့ရသလား ...... မင်းကလဲ
မိုးရွာနေတယ် ငါနေမကောင်းဘူး ပြောပါ့လားကွာ
အဲဒါဆို ငါပဲပြေးဝယ်မှာပေါ့ ...... ''
ဟင့်အင် မင်းမိုးရေအစိုခံပြီး မင်းချစ်တဲ့သူအတွက် ပန်းဝယ်ပေးတာကို တွေ့ရမှာထက်စာရင်
ငါမိုးရေထဲ ပြေးခဲ့ရတာက ပိုအဆင်ပြေပါတယ်
'' ဒါနဲ့လေ Soo Jung အဲဒီပန်းတွေကို အရမ်းကြိုက်တာကွ ...... သူက နည်းနည်းဂျီးများတတ်ပေမဲ့ မင်းလုပ်ပေးသမျှတော့ သူလက်ခံတယ် ...... ငါ မင်း မရှိရင် ဘယ်လိုမှရှေ့ဆက်နိုင်မှာ မဟုတ်ဘူး ...... ''
ပြောရင်း ဘေးနာဝင်လှဲလိုက်တော့
အသာ တစ်ဖက်ရွှေ့ပေးလိုက်သည်
'' မင်း နေမြန်မြန်ကောင်းအောင်လုပ်......
မင်းကျောင်းမတက်တော့ ငါသေလောက်အောင် ပျင်းနေတာ ...... သေတော့မယ်
မင်းနဲ့အတူ အိမ်စာမလုပ်ရတာ အတူ မအိပ်ရတာကြာလို့လာမသိဘူး
ည ည အိပ်မပျော်ဘူး ...... ဟ ...... ဟ ''
'' ပြီးတော့ မင်းကို ရင်ဖွင့်စရာတွေ အများကြီးရှိတယ်
ငါ Soo Jung ကို တစ်ကယ်ချစ်သွားပြီကွာ ...... ''
ရင်ဘတ်ထဲစူးရှမှုကြောင့် တစ်ဖက်သို့ အသာလှည့်မိသည်
BINABASA MO ANG
ပထမဆုံးအတွက် ဒုတိယမြောက်ဆုံးရှုံးခြင်း
Fanfictionဆုံးရှုံးမှုဆိုတာ ထိုက်တန်တဲ့သူတွေအတွက် ဖြစ်ပေါ်လာတာ ငါဆုံးရှုံးခဲ့သမျှ မင်း ထပ်တူမဟုတ်တောင် နည်းနည်းတော့ခံစားသင့်တယ်ထင်တယ် ဒီထက်ဆိုးရွားခဲ့ရင်တော့ မင်း ကံတရားကိုသာ အပြစ်ပုံချလိုက်ပါ Kim Jong In