ပထမဆုံးအတွက် ဒုတိယမြောက်ဆုံးရှုံးခြင်း
'' သား Hunnie ...... ညကလဲ ဘယ်သွား အိပ်တာလဲ ......နှစ်ညရှိပြီ ...... Jong In နဲ့ ရန်ဖြစ်ထားကြတာလား
Jong In အိမ်သွားရှာတာလဲ မရှိဘူး ......''
ဘာမှမပြောပဲ အပေါ်ထပ် အိပ်ခန်းထဲသို့ တက်လာခဲ့သည်
ခပ်သဲ့သဲ့ ဆူသံ
'' ရန်ဖြစ်ပြီး ......ပြီးရင် ပြန်မခေါ်ကြမှာလဲ မဟုတ်ဘဲနဲ့ ...... ဒီကလေးတွေတော့ ခက်ပါတယ် ...''
တံခါး Lock ချအပြီး တံခါးကိုမှီကာ ရုပ်ကြိုးပြတ်
ဘယ်လိုဆက်လုပ်ရမလဲ
Jong In ကို ဘယ်လိုဆက်ရင်ဆိုင်ရမလဲ
မကုန်နိုင်သေးသည့် မျက်ရည်တွေက
ကျလာပြန်သည်
သူ မုန်းသွားပြီ
သူ မမြင်ချင်လောက်အောင် မုန်းသွားပြီ
ထိုအတွေးက ဘဝမှာ အားကိုးစရာ မရှိတော့လောက်အောင်
သိမ်ငယ်စေသည်
အရာအားလုံး ဆုံးရှုံးသွားသလို
လောကကြီးထဲ တစ်ယောက်ထဲ ထီးထီးကျန်ခဲ့သလို
ဒူးကိုကွေးကာ ဖက်ထားလိုက်မိသည်
တကယ်ပဲ အရာအားလုံးကို ဆုံးရှုံးလိုက်ရပြီလား
♥♥♥♥♥♥♥♥♥♥♥♥
လေးဖင့်သော ခြေလှမ်းတွေက ကျောင်းရှေ့ကိုရောက်လေ မလှုပ်ချင်လေ
သူ့ကို ဘယ်လိုရင်ဆိုင်ရမလဲ
'' Sehun Ah ...... ''
ဘေးနားရောက်လာတဲ့ Baekhyun ကိုငဲ့ကြည့်လိုက်သည်
Baekhyun ပြုံးပြသည့်အပြုံးက တောက်ပစွာ
'' ဘာလုပ်နေတာလဲ ......လာ ...... ငါနဲ့အတူ
ဝင်ရအောင် ......''
လက်ကိုဆွဲကိုင်လာတဲ့ Baekhyun လက်တွေက နွေးထွေးလျှက်
'' ငါ ...... ငါ ကြောက်တယ် ...... Baekhyun ...
သူနဲ့ ...... သူနဲ့ ရင်မဆိုင်ရဲဘူး ......''
'' Sehun Ah ...... ငါ မင်းရဲ့ သူငယ်ချင်းပါ ......
ဘာတွေ ဖြစ်နေဖြစ်နေ မင်းဘေးနားမှာ ငါရှိနေပေးမယ် ...... ဒါကြောင့် မင်း ဘာကိုမှ ......မကြောက်ဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်ပါ ......''
BINABASA MO ANG
ပထမဆုံးအတွက် ဒုတိယမြောက်ဆုံးရှုံးခြင်း
Fanfictionဆုံးရှုံးမှုဆိုတာ ထိုက်တန်တဲ့သူတွေအတွက် ဖြစ်ပေါ်လာတာ ငါဆုံးရှုံးခဲ့သမျှ မင်း ထပ်တူမဟုတ်တောင် နည်းနည်းတော့ခံစားသင့်တယ်ထင်တယ် ဒီထက်ဆိုးရွားခဲ့ရင်တော့ မင်း ကံတရားကိုသာ အပြစ်ပုံချလိုက်ပါ Kim Jong In