Revenge

1.8K 211 30
                                    

EP 1

Revenge

******************************


Oh Taeyoung
Age(22)
Date:5.4.2016 (Die)


********************************

မြက်တောင်မပေါက်သေးတဲ့ အုတ်ဂူအသစ်ကို မျက်တော်မခတ်စိုက်ကြည့်ရင်း

အံတင်းတင်းကြိတ်ထားမိ၍ လက်ကိုခပ်တင်းတင်းဆုပ်ထားမိတယ်။အသက်၂၂

နှစ်ဆိုတာ ပျော်စရာတွေနဲ့ ရှိနေသင့်တဲ့ ဘဝ။အခုတော့ ရေခဲ တမျှအေးစက်လှတဲ့

မြေမှာ ထာဝရလဲလျောင်း ခဲ့ရလေသည်။

အမြင်အာရုံမှာ ဒရစ်ဒ်,သွေး,အောက်ဆီဂျင်ပိုက်မျးဖြင့်ကယောင်ကတမ်း အော်ဟစ်နေသော

ပုံကို အခုထိမြင်နေဆဲ။နောက်ဆုံးထွက်သက်ထိ တိုးတိုးရေရွတ်သွား ခဲ့တဲ့ အမည်က "Luhan"

တဲ့။

"တောက်"

နာကြည်းစွာ တက်ခေါက်ဘိုက်သည့် အသံက ဝန်းကျင်တဝိုက် ကျယ်လောင်စွာ။

မဖြစ်သင့်ဘူး။အသက် တမျှချစ်ရတဲ့ ညီလေးကိုမ ကံကြမ္မာက ဒဏ်ခတ်ရသလား။

အိမ်မှာ အခုထိနွဲ့ဆိုးတုန်း ရစ်တုန်း အခုတော့ ဘယ်သောအခါမှ မကြား နိုင်တော့ပါ။

မိုးစက်တွေ တဖွဲ့ဖွဲ့။မျက်ဝန်းတို့ကို မှိတ်ချလိုက်စဉ် မျက်ရည်များက မိုးစက်နဲ့အတူ

ရော၍ စီးဆင်းသွား၏။မိုးများကသည်းလာပြီး ခဏလေးအတွင်းမှာ သူ့တစ်ကိုယ်လုံးကို

ရွှဲစိုသွား ၏။

"ညီ....မင်းရဲ့ နှလုံးသားကို ကြေကွဲစေခဲ့တဲ့ အဲဒီကောင်ရဲ့ နှလုံးသားကို ကိုကို ခွဲပြမယ်။

အသည်းကွဲ ပြီးသေတဲ့အထိ ကိုကိုလက်စားချေပြမယ်။ကိုကို ကတိပေးတယ် ညီ။

တမလွန် ဘဝကစောင့်ကြည့်နေပါ။

အုတ်ဂူကိုနောက်ဆုံးတစ်ချက်စိုက်ကြည့်ပြီး လေးပင်သော ခြေလှမ်းတို့ဖြင့်ထွက်လာခဲ့သည်။

ကားအနက်လေးက ထိုအုတ်ဂူကို ကျောခိုင်းကာ ကျန်ရစ်လေသည်။

















___________________________

"စစ်တုရင်" ပွဲမှာ " King" ကျဆုံးသွားရုံနဲ့ မပြီးသေးဘူး "Xiao Luhan" .........

မင်းရဲ့ လှည့်ကွက်ထဲမှာ မနူးမနပ် ကောင်လေးမို့ အရုပ်လေးတရုပ်လို ဖယ်ရှားခံခဲ့ရတဲ့

"Taeyoung" အတွက် တူညီတဲ့ အကြွေးပြန်ပေးဆပ်ဖို့ မင်းပြင်ထားပါ။မင်းအနားရောက်ဖို့

ဘယ်လိုတံတိုင်းတွေ ကာဆီးထား တားဆီးထား ငါရောက်အောင်လာခဲ့မယ်။ အနိုင်ရရှိရင်

အရှံးဆိုတာလည်းရှိစမြဲ။မင်းအနိုင်ရရှိတုန်းက ပြုံးတဲ့ အပြုံးမျိုး မင်းရှံးတဲ့ အချိန်ကျရင်ရော

ပြုံးနိုင်ဦးမှာလား။သေချာတာ တစ်ခုက မင်းနှလုံးသားကို ထိုးစိုက်ဖို့ ငါဆိုတဲ့ "Oh Sehun"

က မင်းအတွက် လက်နက်ပြင်ဆင်ထားပြီဆိုတာပဲ........






_________________________

အားပေးမယ် ဟုတ်???????

#realpcy614947

You've reached the end of published parts.

⏰ Last updated: Apr 19, 2016 ⏰

Add this story to your Library to get notified about new parts!

복수[Revenge]Where stories live. Discover now