Episode.1

5.2K 437 6
                                    

*Satan' Message*

'ဟောဟဲ . . . .ဟောဟဲ  . . .' 
ကျွန်တော်အရမ်းမောဟိုက်နေပြီ  ခြေလှမ်းတွေလည်း မသယ်နိုင်တော့ဘူးးး
အခုလို ကျွန်တော်ပြေးနေတာ တစ်နာရီရှိနေပြီ
အနောက်က လိုက်နေတဲ့ခြေသံကလည်း ထပ်ကြပ်မကွာ ကြားနေရတုန်းးးးးးး

ကျွန်တော်တစ်ချက်အနောက်လှည့်ကြည့်လိုက်တော့  ဟန်ချက်ပျက်ပြီး ချော်လဲသွားခဲ့တယ်

ပြန်ထဖို့ကြိုးစားပေမဲ့ ခြေထောက်တွေက မရတော့ဘူးးး စိတ်ကိုတင်းကာ ပြန်ထလိုက်ချိန်မှာတော့ . . . .

ခြေထောက်ကို တစ်စုံတစ်ခု လာရစ်ပတ်သလို ခံစားရတော့ ငုံ့ကြည့်လိုက်ချိန်မှာ မျက်လုံးတွေ ပြူးသွားခဲ့ရတယ် 

ကျွန်တော်ရုန်းနေပေမဲ့ နွယ်ရှင်တွေက ကျွန်တော်ခြေထောက်တွေ လက်တွေကို တစ်ဖက်စီချုပ်ပြီး သစ်ပင်မှာ ချည်နှောင်ထားကြတယ် 

လူတစ်ယောက်ရောက်လာပြီးး ကျွန်တော်ပါးကို ပွတ်သပ်ကာ  . . . .

'dyoလေးက ဘာလို့ထွက်ပြေးနေရတာလဲ
အရင်တုန်းက ကို့တို့ချစ်တာတွေကို မေ့နေတာလား dyoမေ့နေပေမဲ့ ကို့ကတော့ အမြဲသတိရနေတာ' 

ပတ်ဝန်းကျင်က မှောင်နေတာကြောင့် အဲလူကို ကျွန်တော် သဲကွဲစွာမမြင်ရဘဲ အနီရောင်မျက်ဝန်းတစ်စုံကိုသာ မြင်တွေ့ရတယ် ကျွန်တော်ကြောက်တယ် သူရဲ့စူးရဲတဲ့ အကြည့် မျက်ဝန်းနီနီတွေကို ရင်းနှီးနေသလို ဖြစ်ပေမဲ့ သူဟြေတာတွေ တစ်ခုမှ မသိတာအမှန်ပါ

'ဟင့်အင်းး ကျွန်တော်မသိဘူးးး ခင်ဗျားက ဘယ်သူလဲ ကျွန်တော်ကိုအခု လွှတ်ပေး'

'dyo ငါကိုစိတ်တိုအောင် မလုပ်နဲ့
အရင်ဘဝက ငါတို့ကတိသစ္စာပြုခဲ့ကြတယ်လေ
ဘယ်လိုဘဝရောက်ရောက် တစ်ယောက်နဲ့တစ်ယောက် တွေ့အောင် ပြန်ရှာကြမယ်လို့လေ ထားပါတော့ မင်းမမှတ်မိတာကို  ငါသိနေရင် ရပြီပဲ'

'ခင်ဗျားကြီးး ရူးနေတာလား အရင်ဘဝကို ကျွန်တော်က ဘယ်လိုသိတော့မှာလဲ ' 

'ခင်ဗျားကြီးး . . .ခင်ဗျားကြီးးးးနဲ့ ဟြေမနေနဲ့
dyoရဲ့အသံချိုချိုလေးနဲ့  kaiလို့ခေါ်နေကြလေ
dyoခန္ဓာကိုယ်ကို အရင်ကလည်း ငါပဲ ပိုင်ခဲ့တာ အခုလည်း ငါပဲ ပိုင်ဆိုင်ရမယ် ' 

Satan' MessageWhere stories live. Discover now