*Satan's Message*
တစ်နေ့လုံးး မိုးရွာနေတာကြောင့် ညဘက်ရောက်သောအခါ ပတ်ဝန်းကျင်တစ်ခုလုံးက ချမ်းစိမ့်လာသည်။
အဲလိုရာသီဥတုကိုတောင် မမှုဘဲ နေရာတစ်ဖဝါးမှ မရွေ့ . . . . ဒူးထောက်နေမြဲ ဒူးထောက်နေဆဲ ရှိနေတဲ့ ကောင်လေးတစ်ယောက် . . . . Doသခင်ကြီးရဲ့ အိမ်တော်ရှေ့မှာ ရှိနေပါသည်။
ထို့အတူ အိမ်တော်အတွင်းက ကောင်လေးတစ်ယောက်ကလည်း ပွင့်မလာမှန်း သိနေတဲ့တံခါးကို ဖွင့်ဖို့ ကြိုးစားနေဆဲပါ ။
---------------------------------------
'ဒီနေ့လည်း မစားပြန်ဘူးလား'
ပုံစံမပျက်ယွင်းတဲ့ ထမင်းဝိုင်းကို သယ်လာတဲ့ အစေခံကောင်မလေးကို Doသခင်ကြီး မေးလိုက်တော့ . . .
'nae. . သခင်လေး အစားမစား ရေမသောက်ဘဲ နေတာ နှစ်ရက်ရှိနေပါပြီ'
Doသခင်ကြီး ဘာမှဆက်မမေးတော့ဘဲ dyoကို ပိတ်လှောင်ထားတဲ့ အခန်းဆီ လှမ်းကြည့်ကာ
'ခြံရှေ့က တစ်ယောက်ကရော ရှိနေတုန်းပဲလား'
'ဟုတ် အခုထိ ရှိနေပါတယ်'*ခေါင်းမာလိုက်ကြတာ*
Doသခင်ကြီး စိတ်ထဲကနေ မှတ်ချက်ပြုမိတော့တယ် . . . . . . . .ခြံရှေ့ကနေ ဖြတ်သွားဖြတ်လာ လုပ်ကြတဲ့ သူတွေက ကျနော်ကို အရူးတစ်ယောက်လို ကြည့်ကြည့်သွားကြတယ် တချို့ကလည်း ဘာလဲဆိုပြီး စပ်စုချင်တဲ့ အကြည့်တွေ . . . .
တစ်ကိုယ်လုံးလည်း နုံးချိနေပြီး အားအင်တွေ မရှိတော့သလို ခံစားရနေပေမဲ့ ကျနော် ဇွဲမလျော့ဘူး dyoနဲ့ တွေ့ခွင့်မရမချင်း ကျနော် ဒီနေရာကနေ မရွေ့ဖို့ ဆုံးဖြတ်ထားတယ် . . .
အခုဆို နှစ်ရက်ကျော်လာပြီး dyoရော ဘယ်လို နေလဲ မသိဘူးး ငိုပဲငိုနေတာလားး နေမကောင်းများ ဖြစ်နေတာလားး ကျနော် တွေးပူနေမိတယ်
ဒီနေ့ကျမှ သခင်ကြီးခြံထဲက လူတွေ ယောက်ယက်ခတ်နေသလိုပဲ . . . ဘာတွေများ အလုပ်ရှုပ်နေကြတာလဲ . . . . .
အော် . . . ဟိုမှာ Yifan သခင်လေး အလောတကြီး ပြေးလာပါလား ကျနော်တို့ အကြောင်းကို သခင်ကြီး သိပြီတဲ့နောက်ပိုင်း Yifanကိုလည်း အိမ်တော်ဘက် မလာခိုင်းဘူး . . . . . . မျက်နှာမှာက စိုးရိမ်မှုတွေ အပြည့်ဖြစ်နေတယ် ဘာပြဿနာများ ဖြစ်လို့လဲ Yifan သခင်လေးဆီ သွားပြီး မေးချင်ပေမဲ့ ဒူးထောက်ထားတဲ့ ခြေထောက်တွေက လှုပ်မရဘူးးးးး
YOU ARE READING
Satan' Message
RomanceKaisoo (yaoi) * You died in front of my eyes and then You left my life. So, I stopped my heartbeat. I have died everyday waiting for you, dyo. But I believed I would find you. I'll love you for a thousand years, dyo. Yes, I'm surviving as I'm Sa...