အပိုင်း(၃) Angle ယောင်ဆောင်ထားသော Devil

19 1 0
                                    

"Noona... ပြန်လာတာမြန်လှချည်လား?
Noona... ကောင်လေးနဲ့လျှောက်မလည်ခဲ့ဘူး
လား?"

Jin Yong ကမျက်နှာပြောင်ပြောင်စပ်စပ်နဲ့လာ
မေးနေသည်။

"သူက ငါ့ကောင်လေး မဟုတ်ဘူး... ဦးလေးကြီး
ရဲ့သား... ငါနဲ့လက်ထပ်ရမယ်ဆိုတဲ့သူ....."

"ဝါးး... Uri noona ကံကောင်းတာပဲ... ကောင်
လေးချောချောနဲ့လက်ထပ်ရတော့မယ်... တစ်
ခါမှတောင် ရည်းစားမထားဘူးတဲ့ သူက..."

Jin Yong ကမျက်ရည်သုတ်နေတဲ့ပုံစံမျိုးနဲ့ကျွန်
မကို လိုက်စနေသည်။Jin Yong~ah Noona
စိတ်ဆင်းရဲတာကို တကယ်မြင်ချင်နေတာလား?

"တော်ပါတော့... Jin Yong ရယ်..."

"Sujin~ah Kyan Pong ရဲ့သားလာသွားတာ
လား...?"

"Omma... နိုးလာပြီလား? ဟုတ်ကဲ့ ..."

(Omma လို့သုံးတာပိုကောင်းမယ်လို့ ထင်လို့
ပါ...)

"ဘာလာလုပ်တာတဲ့လဲ..?"

"Umm... သူက ... မ-မင်္ဂလာဆောင်ရင် စိတ်
မလှုပ်ရှားအောင်လာပြောတာပါ... ဟား ဟား
ဟား..."

ငါကဘာလို့ရယ်နေတာလဲ?...ရှက်လိုက်တာ...

"သြော်...... ကောင်လေးက သဘောကောင်း
သားပဲ... "

Noo!!! Omma!!

"ဟုတ်တယ်...သူလည်း ဦးလေးကြီးလိုပဲသ
ဘောကောင်းတယ်..."

"သားအဖတွေပဲ...အဲ့လောက်တော့ ရှိမှာပေါ့..."

Omma မသိတာတွေအများကြီးရှိပါသေးတယ်
.....
><><><><><><><><><><><><><><><><

Wedding Photo Day...

(မင်္ဂလာမဆောင်ခင် ဓာတ်ပုံကြိုရိုက်ရတယ်လေ
အဲ့နေ့ကို Wedding Photo Day လို့ခေါ်
တယ်မလား... အနော်လည်းမင်္ဂလာမဆောင်ဖူး
လို့မသိဘူး XD)

"Wahh... အမေ့ချွေးမလေးက လှလိုက်တာ..."

Luhan အမေက မင်္ဂလာဝတ်စုံဝတ်ပြီးထွက်
လာသော ကျွန်မကို ကြည့်ကာ ချီးမွမ်းခန်းဖွင့်နေ
ပါသည်။ ရင်ဘတ်ကိုတဝက်ဖော်ထားသော
ပန်းနုရောင်ဂါဝန်ရှည်နှင့် လိုက်ဖက်အောင်
ကျွန်မမျက်နှာကို ပန်းနုရောင်သန်းနေအောင်
လက်စွမ်းပြထားသော မိတ်ကပ်ဆရာ ကြောင့်
ကျွန်မကိုကျွန်မ တောင်မမှတ်မိနိုင်ဖြစ်သွား
သည်။

ရင်ခုန်သံ မညာကြေး (Luhan)Where stories live. Discover now