Chapter - 1

2.1K 103 4
                                    

Behind the Hate

Chapter - 1 : " I still love him "

" စစ် . . . "

မဂ္ဂဇင်းစာအုပ်ကို မျက်နှာပေါ်တင်ကာ မှေးနေရာမှ သူ့နာမည် ခေါ်သံကြားလိုက်ရတာ ကြောင့် မဂ္ဂဇင်းစာအုပ်ကို ဖယ်ကာ ဆိုဖာပေါ်အိပ်နေရာကနေ ထထိုင်လိုက်သည်။

" သီဟ . . . ဘာကိစ္စလဲ "

" မင်းကလည်း . . . မင်းဆီ ကိစ္စရှိမှ လာရမှာလားကွ "

" မသိဘူးလေ ၊ ထူးထူးဆန်းဆန်း ဒီအချိန် မလာစဖူး ရောက်ချလာလို့လေ "

" ငါတို့ ဒီအချိန် လာနေကျပါ . . . "

" မင်း အိပ်ပျော်ကာနီး ရောက်ချလာလို့ ငါတို့ကို ရစ်နေတာမလား . . . စစ် . . . "

" နိုင်မြဲ . . . ငါ့ ကူပါဦးကွာ ၊ ငါ သူ့ကို ဘာပြန်ပြောလိုက်ရမှန်းတောင် မသိတော့ဘူး "

သီဟစကားကြောင့် နိုင်မြဲ . . . ပြုံးလိုက်မိသည်။

စစ်က သူ အိပ်ပျော်ကာနီး လာနှိုးရင် အရမ်းစိတ်တိုတတ်သည်။ သူတို့မို့လို့
စိတ်မတိုပဲ ရစ်နေတာ ဖြစ်သည်။ မကြည်တာဆိုရင် ပိုမှန်မည်။

နိုင်မြဲ . . . စစ်မုန်းလျှံ နဲ့ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

သီဟကတော့ စစ် နားပင် ဝင်ထိုင်လိုက်သည်။

" ဒီတစ်ခါတော့ ဒီအတိုင်းလာလည်တာ မဟုတ်ဘူး ၊ မင်းဆီ တမင်လာတာ "

နိုင်မြဲ စကားကြောင့် စစ် ရိပ်မိလိုက်သည်။

" မင်း . . . ပိုးအိနဲ့ ပြတ်သွားပြီဆို "

" အင်း . . . "

ကာယကံရှင်ရဲ့ မျက်နှာမှာ ဘာမှ ပြောင်းလဲသွားတာမရှိပေမယ့် အခုမှသိတဲ့ သီဟကတော့ အံ့သြနေမိသည်။

" ဘယ်တုန်းကလဲ "

" မနေ့ကပဲ "

" ထင်သားပဲ "

သီဟ ပြုံးလိုက်မိသည်။

" မင်းကွာ ၊ ငါတောင် နှစ်လလောက်တော့ တွဲသေးတယ် "

" နှစ်လကြီးက ကြာလွန်းပါတယ်ကွာ ၊ ငါ့အတွက်တော့ တစ်လနဲ့တင် လုံလောက်တယ် "

" မင်း တွဲတဲ့လူတိုင်းကို ဘာလို့ အဲ့ဒ့်ီလိုတွေ လုပ်နေတာလဲ . . . စစ် . . . "

Behind The HateWhere stories live. Discover now