ကျနော့်ရဲ့ ရစ်လုံး [HunHan(yaoi)]
By luhanniesandy" Hunnie-ah... ကိုယ့်ကို စိတ်ကောက်နေတာလား? "
" သွားသွား... Hyung ရဲ့ဟိုမင်းသမီးနဲ့ သွားနေ သူ့သွားဖက် ကျနော့်ကို လာမထိနဲ့ "
" Hunnie လေးကလည်းကွာ... ကိုယ်က မင်းသားလေ နည်းနည်းပါးပါးတော့... "
" သဝန်တိုတတ်တာ သိသိကြီးနဲ့ ဘာလို့ ရိုက်ကွင်းကိုခေါ်လာသေးလဲ? သွား! စိတ်တိုတယ် မခေါ်ဘူး "
ဒါလေးကတော့ မကြာခဏ ဖြစ်နေကျ ရန်ဖြစ်သံလေး သဝန်တိုတတ်လွန်းတဲ့ Sehun ဆိုတဲ့ ကောင်လေးကိုမှ ရုပ်ရှင်မင်းသားကျနော် Luhan က အသည်းနင့်အောင် ချစ်မိနေတာကိုး <3 တစ်နေ့တစ်နေ့ ရိုက်ကွင်းမှာ ပင်ပန်းသမျှ သူ့မျက်နှာလေးမြင်ရင် အမောပြေအောင်ဆိုပြီး ခေါ်ခေါ်လာတာ ခေါ်လာတိုင်းလဲ သဝန်တိုတတ်တဲ့ ဒင်းလေးကြောင့် မင်းသမီးတွေနဲ့လည်းပြသနာဖြစ်မြဲ...
" Hun ကလည်းကွာ... ကိုယ်က Hunnie ကိုချစ်လို့ ဒီလောက်တောင်းပန်နေတာကို "
" Hun ကလည်း Hyung ကိုချစ်လို့ သဝန်တိုတာလေ wae wae? သိပါတယ် Hyung က Hun ကို မချစ်တော့ဘူး စိတ်ကုန်နေပြီမလား? "
အဲ့လို လိုရာဆွဲတွေး ကျန်းမာရေးကလည်း လုပ်တတ်သေးတယ် အခုလည်း နှုတ်ခမ်းရဲရဲလေးကို စူထားလိုက်တာများ ကျနော့်ပါးကို လာထိတော့မယ် ^^ အဲ့လိုကလေးဆန်လေးတွေကပဲ ကျနော့်ကို ပိုပိုချစ်အောင် ဆွဲဆောင်နေတာပါဗျာ <3
" Hun လေးရယ်... ဘယ်လို စိတ်ကုန်လို့ရမလဲ? ဒီလောက်ချစ်ဖို့ကောင်းတာကို "
ကောက်တော်မူနေတဲ့ Hun ကို Luhan ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ တင်းနေအောင် ဖက်ထားလိုက်တယ် ကောက်တော်မူနေတဲ့ ရစ်လုံးလေးက ငြိမ်ခံနေလေရဲ့ ခဏလောက်နေတော့ Hun လက်လေး Luhan ခါးကို ရစ်ဖွဲ့လာတယ် သေချာပါတယ် စိတ်ကောက်ပြေသွားပြီလေ ^^
" Hyung... Hun ကချစ်လို့ သဝန်တိုတာနော် Hun ကိုစိတ်ပျက်နေပြီလား? "
" မပျက်ပါဘူးဗျာ ချစ်လွန်းလို့ပါ "
Hun Luhan ရဲ့ပါးလေးကို လှမ်းနမ်းလိုက်တော့ Luhan ပြုံးလိုက်ပြီး Hun နဖူးပြင်လေးပေါ်သို့ အနမ်းလှလှတစ်ပွင့် ပေးလိုက်တယ် ချစ်သူနှစ်ဦးရဲ့ ညနေဆည်းဆာအလှလေးက သာယာလျက် နောက်နေ့တွေ ဘယ်လို ဆက်ပြီး နှပါးသွားရပါ့မလဲ?
YOU ARE READING
HunHan one shot collection (by @luhanniesandy)
FanfictionBy @luhanniesandy ^•^ Type -- Yaoi. One shot. sweet. fluffy ^^ I hope u'll enjoy my one shots <3 Collection တစ်ခုဆီမှာ 5 ပုဒ်ဆီတင်မယ်နော :*