အမုန်းမှလွန်မြောက်၍ 💙
HunHan Yaoi ^^
by luhanniesandyကျနော့်အား ထူးဆန်းသော အမည်နာမကို ခေါ်တတ်သော Xiao Luhan ဆိုသောသူကို ကျနော်အလွန်မုန်းသည်... ကျနော့်ကို ယောကျာ်းလေးအချင်းချင်း လက်ရဲဇက်ရဲဖြင့် ဖက်လိုက်နမ်းလိုက်ဖြင့် ပွတ်သီးပွတ်သပ်နေတတ်သော သူ့အကျင့်ကိုလည်း ကျနော်မုန်းသည်...
ကျနော်အမုန်းဆုံးက အမိန့်... သူဟာ ကျနော့်အတွက်ဆို ဘယ်သောအခါမှ ရွေးချယ်မှုနဲ့ တောင်းဆိုမှုကိုမပေးခဲ့... အမိန့်ဆန်ဆန်စကားလုံးများအောက်မှာ ကျနော့်ဘဝကို 7 နှစ်လုံးလုံး ဖြတ်သန်းခဲ့ရတယ်...... အခုလည်း နာခံနေရဆဲပါ...
မနက်မိုးလင်းတိုင်း Sehun ပါးကိုနမ်းကာ နှိုးရသည်ကို Luhan အလွန်သဘောကျသည်... Sehun ကတော့ မသိပေမဲ့ Luhan ကတော့ Sehun ကို အရမ်းချစ်ရှာသည် သိပ်ချစ်လွန်းလို့ သူပိုင်ဆိုင်တဲ့ ကြွေရုပ်လေးကို အထိခိုက်မခံနိုင်လို့ သူဘဲချစ်ချင်လို့ အမိန့်ဆန်ဆန်စကားများကို သုံးရခြင်းဖြစ်သည်...
Sehun မိဘများဆုံးသွားတော့ Luhan Appa က မွေးစားရန် ခေါ်ယူလာခြင်းဖြစ်သည်... သူတို့နှစ်ဦးစတွေ့ချိန် 12 နှစ်အရွယ်လေးထဲက Luhan က Sehun ကို အရမ်းကိုချစ်သွားတာ... ငယ်သေးတုန်းကတော့ အဖြူရောင်အချစ်... တဖြည်းဖြည်းအနေနီးလာတော့မှ Luhan သိလိုက်ရတာက သူဟာ Sehun ဆိုတဲ့ကြွေရုပ်လေးကို သိပ်တန်ဖိုးထားတယ် သိပ်ချစ်တယ်ဆိုတာ...
" Sehunnie... ဒီနေ့အစောကြီးနိုးနေတာလား? "
" Imm "
" Heee ~ ဒီကိုလာခဲ့အုံး... Morning kiss ပေးချင်လို့ "
လိုချင်မှန်းမသိ မလိုချင်မှန်းမသိ... ဘယ်တုန်းကမှ မငြင်းဆန်ပေမဲ့ Sehun သဘောမကျဘူးဆိုတာ ကျနော်သိပါတယ်... ရင်တွေလည်း အရမ်းနာကျင်ရပါတယ်... Sehun ကတော့ သိမှာမဟုတ်ဘူး ကျနော်သူ့ကို အရမ်းကိုချစ်တယ်ဆိုတာကို...... ကျနော့်မျက်ရည်တွေ ခံစားချက်တွေကို Sehun မသိဘူး...
ကျနော်ဆိုတဲ့ကောင်ဟာ လေပြေလေးလို Sehun နားမှာ တိုက်ခတ်နေရရင်တောင် ကျေနပ်နေမဲ့ကောင်စားမျိုးပါ...... ကျနော် သူ့နားမှာတွယ်ကပ်နေလို့ သူသိပ်မုန်းနေမှာပေါ့နော်? နာကျင်လိုက်တာ......
YOU ARE READING
HunHan one shot collection (by @luhanniesandy)
FanfictionBy @luhanniesandy ^•^ Type -- Yaoi. One shot. sweet. fluffy ^^ I hope u'll enjoy my one shots <3 Collection တစ်ခုဆီမှာ 5 ပုဒ်ဆီတင်မယ်နော :*