မှောင်အတိချထားတဲ့ ခန်းမအတွင်း ပန်းခရမ်းရောင် light stick များက စည်းချက်ကျကျ ရှေ့တိုးလိုက် နောက်ဆုတ်လိုက် ယိမ်းနွဲ့နေလေရဲ့။ ရုတ်တရက် စင်ပေါ်မှာ လင်းချင်းသွားချိန်မှာတော့ စင်အောက်မှာ အော်သံတွေနဲ့ မင်းမူသွားတယ်။ ထို့အတူ မီးအလင်းရောင်များကြားမှာ ပေါ်လာတဲ့ လူတစ်ယောက်။ ဖျော်ဖြေဖို့ အသင့်အနေထားနဲ့
လူတစ်ယောက် ၊ ပတ်ပတ်လည်ထိုးထားတဲ့ မီးရောင်တွေအရောင်မှိန်သွားသလို စင်ပေါ်မှာ တောက်ပလွန်းတဲ့ လူတစ်ယောက်။ ထိုသူ နှုတ်ခမ်းများက အပြုံးတစ်ခု အသက်ဝင်လာချိန်မှာ အောက်ကလူထုကြီးဆီက နာမည်တစ်ခု ရေရွတ်သံကြားလိုက်ရတယ်။'' Oh Sehun . . . . . . . Oh Sehun ''
ထိုသို့ ထိုသို့ အောင်မြင်ကျော်ကြားတဲ့သူ ၊ မိန်းကလေးတွေရဲ့ သည်းသည်းလှုပ်ခြင်း ခံရတဲ့သူ ၊ စကားပြောတာကအစ အရာရာ စမတ်ကျကျ ဖြစ်နေတတ်တဲ့သူက ကျွန်တော် Luhan ရဲ့ ချစ်လှစွာသော ချစ်သူ Sehun ပါ။ သူ့ကို ပိုင်ဆိုင်ထားရတဲ့ ကျွန်တော့်အတွက်ကတော့ ကောင်းကင်ကြီးတစ်ခုလုံး ရရှိထားတဲ့သူလိုပါပဲ။
ဖျော်ဖြေမှုပြီးဆုံးသွားတော့ ခန်းမထဲက ထွက်လာပီး ကင်မရာသမားတွေနဲ့ Fan တွေကို နှုတ်ဆက်ပီး ကားပေါ်တတ်လာမယ် ပီးရင် ထုံးစံအတိုင်း ကားပေါ်မှာရှိနေမယ့် ကျွန်တော့်ကို အနူးညံ့ဆုံးပြုံးပြကာ ပါးပြင်ကို အနမ်းဖွဖွ တစ်ချက်ပေးတယ်လေ။ ပင်ပန်းလာတာမို့ ထိုင်ခုံပေါ်ကျောမှီအိပ်လိုက်တဲ့ သူ့ပခုံးပေါ် ကျွန်တော့်ခေါင်းလေး မှီလိုက်တော့ သူက ဖွဖွပြုံးကာ ကျွန်တော့်ကို ဖက်ထားလေရဲ့။
Idol ၁ယောက်ဆိုတာ သူ့ဘဝရဲ့ မြတ်နိုးရဆုံးအလုပ်တစ်ခု ၊ သူဆောက်တည်ခဲ့ရတဲ့ အိမ်မက်တစ်ခု ဆိုပေမယ့် တစ်ခါတစ်ခါ တကောက်ကောက် လိုက်နေတတ်တဲ့ မီဒီယာတွေ ၊ အမြဲပြည့်နေတဲ့ schedule တွေကြောင့် စိတ်ပင်ပန်းရပါသတဲ့။ ခုလဲ ပင်ပန်းနေလို့ထင်ရဲ့
'' Hun အရမ်းပင်ပန်းနေလား Miyanae ဘေးနားမှာ ရှိနေပီး အားပေးဖော် မရလို့ ''
ပခုံးပေါ်မှီနေရင်း တိုးလျလျအသံလေးနဲ့ ပြောလာတဲ့ Luhan ကို Sehun မျက်နှာချင်းဆိုင်အနေအထားဖြစ်အောင် လုပ်လိုက်တယ်။ ပခုံးနှစ်ဖက်ကို အသာကိုင်ကာ Luhan မျက်လုံးတွေကို သေချာကြည့်ပီး

YOU ARE READING
When I Can't Sing
FanfictionHunhan Oneshot for Sehun Birthday romance By : SeluDeerMoe