Yes, I am......;)

173 8 0
                                    

Angel...
လူအများပြောတဲ့ Angel တွေဆို လူတစ်ပိုင်းဌက်တစ်ပိုင်းသတ္တဝါ။ ကျောမှာအတောင်တွေရှိတယ်။ တစ်ချို့ကအတောင်တွေအရောင်စုံရှိတယ်လို့ ပြောကြသလို အချို့ကတော့ အဖြူရောင်အတောင်တွေတဲ့။ စိတ်ကူးယဉ်ပုံပြင်အချို့နဲ့ 3D ဓာတ်ပုံအချို့မှာတော့ Angel တွေကိုအဝတ်အစားမဝတ်တတ်ဘူးလို့ပြောသလို အဖြူရောင်အဝတ်အစားနဲ့လို့လည်းပြောကြတယ်။ ယုံကြည်မှုတစ်ချို့မှာတော့ Angel တွေကိုအစွမ်းရှိတဲ့နတ်သားနတ်သမီးတွေလို့လည်းဆိုတယ်။ သူတို့ကို ကောင်ကင်နတ်မင်းကြီးအုပ်ချုပ်တာတဲ့။ ဂရိပုံပြင်တွေမှာတော့ ဇူးလို့လည်းပြောသလို Andra လို့လည်းပြောတယ်။ နတ်သားရော နတ်သမီးရော နှစ်ခုလုံးပေါင်းပြီး Angel ပဲခေါ်ကြတယ်။ သူတို့ဟာတစ်ခါတစ်လေ ကောင်းကင်ထက်မှာဌက်တွေလိုပျံဝဲနေတတ်ပြီး လူတွေကြားမှာလည်းကိုယ်ယောင်ဖျောက်ပြီး ကူညီတတ်ပါသတဲ့။

တကယ်တော့ ဒါတွေဟာ လူတွေပြောနေကြတဲ့ ယုံတမ်းစကားတွေပါ။ တကယ့် Angel တွေကိုဘယ်သူမှမမြင်ဖူးသလို Angel တွေရဲ့ about ကိုလည်း ဘဟ်သူမှသေသေချာချာမသိကြပါဦး။ ဒါဆို ဒီအကြောင်းတွေကို ကျွန်တော်ဘယ်ကစ ရှင်းပြရမလဲ။

စကြဝဋ္ဌာဆိုတာအဆုံးအစမရှိအရမ်းကျယ်ပြန့်ပါတယ်။ ကမ္ဘာမြေပေါ်မှာအလွှာအဆင့်ဆင့်ရှိသလို စကြဝဋ္ဌာထဲမှာလည်း အဆင့်ဆင့်ရှိပါတယ်။ တစ်ဆင့်နဲ့တစ်ဆင့်ကို Black Hole သို့ White Hole တွေနဲ့ချိတ်ဆက်ထားပါတယ်။ အများသိသလိုဆိုရင် ကြယ်အစုအဝေးတွင်းကြီးတွေပေါ့။ ဒါပေမယ့် တွင်းကြီးတွေထဲကိုဘယ်သူမှမဆင်းရဲကြသလို တွင်းကြီးထဲကျသွားရင်လည်း ပြန်ဖို့လည်းမရှိပါဘူး။ တွင်းကြီးရဲ့အဆုံးမှာဘာတွေရှိမလဲဆိုတာ သိပ္ပံပညာရှင်တွေသိချင်နေကြသလို အခုထိလည်းမအောင်မမြင်နဲ့ စုံစမ်းနေကြဆဲပါပဲ။ ခုနကပြောခဲ့သလို ထိုတွင်းကြီးတွေရဲ့အဆုံးမှာ နောက်စကြဝဋ္ဌာရှိပါတယ်။ အဲ့စကြဝဋ္ဌာမှာနေထိုင်ကြသူတွေလည်းရှိပါတယ်။ ထိုသူတွေကတော့ Angel တွေပါပဲ။

အခု Angel ဆိုတာဘာလဲ ရှင်းဖို့အချိန်ရောက်လာပြီထင်ပါတယ်။ လူသားဒဏ္ဍာရီနဲ့တူတဲ့ထဲက အရင်ရှင်းရမယ်ဆိုရင်တော့ သူတို့တွေက လူတစ်ပိုင်းဌက်တစ်ပိုင်းပါပဲ။ ဒါပေမယ့်အဲ့လိုပြောရင်တော့မှားပါတယ်။ အမှန်တော့ လူမဟုတ်တဲ့လူတွေပေါ့။ ကျောမှာအတောင်တစ်စုံရှိပါတယ်။ အားလုံးသိကြသလို ပုပုဝိုင်းဝိုင်းတော့မဟုတ်ပါဘူး။ သူတို့ရဲ့အတောင်တွေကိုဖြန့်လိုက်ရင် အနည်းဆုံး 10 ပေအခန်းတစ်ခန်းလောက်ရှိပါတယ်။ အတောင်တွေနဲ့အုပ်လိုက်ရင် သူတို့တစ်ကိုယ်လုံးတောင်ဖျောက်လို့ရပါတယ်။ အတောင်တွေကိုမလိုရင်လည်း ခန္ဓာကိုယ်ထဲထည့် သိမ်းထားလို့ရပါသေးတယ်။ ထို့ပြင် သူတို့ရဲ့ခြေဖနောက်လေးမှာ အတောင်သေးသေးလေး တစ်စုံစီလည်း ပါတတ်ပါသေးတယ်။ ဒါပေမယ့် အဲ့အတောင်သေးသေးလေးတွေကတော့ ချွင်းချက်ပါ။

<3 Love Can Be <3Where stories live. Discover now