Chapter(1)

838 9 0
                                    

exp;(1) where, I was born…

လောကကြီးက အဆုံးမရှိတဲ့အံ့သြမှုတွေနဲ့ ပြည့်နှက်နေဆဲပါ…။ အဆုံးမရှိတဲ့ ထူးဆန်းမှုတွေ… မရပ်တန့်နိုင်တဲ့ပြောင်းလဲမှုတွေ… မထင်ထားခဲ့တဲ့အရာတွေ… အားလုံးက တစ်ခဏချင်းဖြစ်ပေါ်လျက်ရှိနေသည်လေ…။

စကြဝဋ္ဌာရဲ့ နေအဖွဲ့အစည်းတစ်ခု… တောက်ပပြီးပူလောင်မှုတွေနဲ့ပြည့်နှက်နေတဲ့အနီရောင်ဓာတ်ငွေ့လုံးကြီးကို ပုံစံမတူ…အနေအထားမတူ… အရွယ်အစားမတူတဲ့… ဂြိုလ်ရှစ်လုံးက လှည့်ပတ်နေခဲ့သည်…။ ထိုအားလုံးထဲမှာမှ အဖြူ၊ အပြာ၊ အညိုနဲ့ အစိမ်းရောင်ဖြင့် အရောင်စုံစုံ စိုပြေစွာလှပနေသည့် ဂြိုလ်ကြီးတစ်လုံးက ထင်ရှားစွာ တောက်ပနေသည်လေ။ အခြားဂြိုလ်တွေနဲ့မတူ စုံလင်စွာရေးခြယ်ထားသည့်အရောင်တွေက ထူးခြားမှုအချို့တို့ရှိနေသည်အလား…

သင်သိပါသလား… ထိုနေရာမှာ များပြားသော သက်ရှိတွေ ရှိနေတယ်ဆိုတာ…
သင်သိပါသလား… ထိုသက်ရှိတွေက ပုံသဏ္ဍာန်မတူ အရွယ်အစားမတူကြဘူးဆိုတာ…
သင်သိပါသလား… သူတို့အားလုံးက တစ်နေရာထဲရှိနေပေမယ့် နေထိုင်မှုပတ်ဝန်းကျင်ပုံစံတွေက ခြားနားနေကြတယ်ဆိုတာ…
သင်သိပါသလား… သူတို့တွေက သူတို့နေထိုင်ရာ ဂြိုလ်ကို ကမ္ဘာမြေလို့ ခေါ်ကြတယ်ဆိုတာ…

ကမ္ဘာမြေ…
များစွာသော မရေမတွက်နိုင်သည့် သက်ရှိတွေက ထိုကမ္ဘာမြေပေါ်မှာ ရှင်သန်နေထိုင်နေကြတယ်။ ထိုသက်ရှိတွေအားလုံးထဲကမှ ဉာဏ်ရည်မြင့်မားမှုနဲ့ စွမ်းဆောင်မှုမြင့်မားတဲ့သက်ရှိတွေကိုတော့ လူလို့ခေါ်ကြတယ်။ လူဆိုတဲ့ သူတို့တွေက ပြောတယ်… သူတို့က ဒီကမ္ဘာမြေကြီးရဲ့သခင်တဲ့။ ကျန်တဲ့ သက်ရှိတွေကတော့ သူတို့ခိုင်းရာလုပ် စေရာသွား နေရာထိုင်… အခိုင်းအစေတွေတဲ့…။ ဖြစ်နိုင်ပါတယ်…ဒီကမ္ဘာမြေကြီးမှာ မြင်နေရတဲ့ ထူးဆန်းအံသြဖွယ်ရာအားလုံးကို အဲ့ဒီလူဆိုတဲ့သတ္တဝါတွေက ဖန်တီးခဲ့တာဆိုတော့လည်းလေ…။

18, Feb, 2000
"အိုး…အား…အား အမေ့ရေ…"

"မိန်းမ…မိန်းမ ဘာဖြစ်တာလဲ"

မိုးဦးတစ်ယောက် ကုလားထိုင်ပေါ်ထိုင်ကာ စာဖတ်နေခိုက် ကြားလိုက်ရသည့်အသံကြောင့် အလန့်တကြား အခန်းထဲဝင်ကြည့်မိသည်။ ထင်သည့်အတိုင်းပင် အခန်းထဲရှိအိပ်ရာပေါ်တွင် လူးလိမ့်နေသော ဇနီးသည်ကိုတွေ့လိုက်ရသည်။ နဖူးစပ်မှအစ မျက်နှာထက်ဝယ် ချွေးသီးချွေးပေါက်များနှင့် စူထွက်နေသော ဗိုက်ပူပူလေးကို ကိုင်ရင်း အော်ဟစ်နေသည့် သူမပုံစံက အရမ်းနာကျင်နေရမှန်းသိသာနေသည်လေ။

You've reached the end of published parts.

⏰ Last updated: Dec 30, 2016 ⏰

Add this story to your Library to get notified about new parts!

<3 Love Can Be <3Where stories live. Discover now