ညနေ ၄ နာရီ 🕓🕓🕓🕓 မိုးကသည်းသည်းမည်းမည်းကိုရွာနေသည်ရုံးဆင်းချိန်မို့
လူအများလမ်းမပေါ်ရုတ်ရုတ်သဲသဲဖြစ်သွားသည့်အထဲ
ကျွန်တော်လည်းပါဝင်သည်ပေါ့ တော်သေးတာကဗျာ
ကုမ္ပဏီ နားမှာ မိုးခိုစရာ ကော်ဖီဆိုင်လေးရှိလို့ပေါ့
မနေ့ကလည်းမိုးမိလို့ဒီဆိုင်လေးထဲမှာပဲခိုလိုက်ရသေးကုမ္ပဏီမှာလုပ်တယ်ဆိုပေမယ့် သာမာန်ဝန်ထမ်းပါပဲ
အဲ့တော့ကိုယ်ပိုင်ကားတော့မစီးနိုင်ဘူးပေါ့ဗျာအဲ့ တစ်ခုမေ့နေတယ် ကျွန်တော့နာမည်ပြောဖို့
ကျွန်တော့နာမည်က Luhan ပါ မိဘတွေကတော့မရှိတော့ပါဘူးဗျာ ပိုင်ဆိုင်တာဆိုလို့
အခုလုပ်နေတဲ့အလုပ်နေရာလေးရယ် တိုက်ခန်းလေးရယ်ပေါ့ တယောက်တည်းအလုပ်လုပ်လိုက်
ချက်ပြုတ်စားသောက်လိုက်နဲ့ဘဝကိုတကိုယ်တည်းဖြတ်
သန်းနေတာပေါ့ ချစ်သူ လဲ အင်းးးး မရှိဘူးဗျ အချစ်
ဆိုတာဘာလဲတောင်မသိသေးတဲ့ ရိုးသားတဲ့ဖိုးသခွားလေးပါဗျာ 😁😁😁😁
~~~~~~~~~~~~~~~~~~~~~~~~~
ကော်ဖီဆိုင်ထဲရောက်တော့ သီချင်းသံလေးကအေးချမ်း
စပြန့်လွင့်လာတယ် နေရာကတော့သိပ်မရှိတော့ဘူး
ကျွန်တော်လည်းမနေ့ကနေရာလေးမှာပဲထိုင်လိုက်တယ်
အဲ့မှာဘယ်သူမှ မရှိသေးလို့လေ
ဘာရယ်မဟုတ် မနေ့ကအတူထိုင်ခဲ့တဲ့ကောင်လေးအကြောင်းက
မစဉ်းစားဘဲရောက်လာပြန်တယ်
………………………………………………မနေ့ကမိုးမိလို့ကော်ဖီထိုင်သောက်နေစဉ် အသံချိုချို
လေးတခု…………
boy :: ဒီကhyungကျွန်တော်ခဏထိုင်လို့ရမလား
တခြားဝိုင်းတွေလူပြည့်နေလို့ပါ
ကျွန်တော်မော့ကြည့်လိုက်တော့ ကောင်လေး
တယောက် ကျောပိုးအိတ်လေးနဲ့ ခေါငိးကရောင်စုံဆံပင်
လေးတွေကရေတွေရွှဲလို့ တခြားဝိုင်းတွေကလည်း လူတွေ
ပြည့်လို့ အဲ့ဒါနဲ့ပဲ ကျွန်နော်လည်း …………Luhan:: ရပါတယ်ကွာ ထိုင်ထိုင်
boy :: ကျေးဇူးပဲ နော်
Luhan:: ဘယ်ထဲကမိုးမိလာတာလဲ စိုရွှဲလို့
ကျွန်တော်လည်းသိချင်တာနဲ့မေးလိုက်တယ်
![](https://img.wattpad.com/cover/69445609-288-k16245.jpg)