~kyung soo~
တိုးညင်းပေမယ့် ညင်သာတဲ့ သူရဲ့
ခေါ်သံအောက်မှာ ကျွန်တော့်ရဲ့မျက်လုံး အစုံက
အလိုလိုပွင့်လာခဲ့တယ်kyung ; ah jong in နိုးပြီးလား ဘယ်တုန်းကနိုးနေတာလဲ
မေးရင်း သူ့ကိုပြုံးပြလိုက်တော့ အရင်ကလို
တောက်ပမှုမရှိပဲ ဖျော့တော့တဲ့အပြုံးတွေကို
တုံ့ပြန်မှုရရှိလိုက်သည် ဒါပေမယ့် ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် သူ့ရဲ့အပြုံးတွေက ကျွန်တော့် အတွက်တော့ ကောင်းကင်က ကြယ်လေးတွေထက် တောက်ပနေတုန်းပါပဲjong ; မကြာသေးပါဘူး 10 min လောက်ပဲရှိ
သေးတယ်kyung ; ငါ့ကိုနိုးလိုက်ပေါ့ ဘာစားမလဲ
jong ; မင်းအိပ်နေတာ ကိုယ်ကြည့်ချင်လို့ပါ
kyung ; မဖြစ်သေးပါဘူး မင်းကြိုက်တဲ့ ခရုဆန်ပြုတ် လုပ်ပေးမယ်
အိပ်ယာကနေထမလို့ စောင်ကိုဖယ်နေတုန်း
လက်မောင်းကနေ ဆွဲချခံလိုက်ရပြီး သူ့ဘေး
နား အလိုလိုပြန်ရောက်သွားသည်jong ; ဘာမှမစားချင်ဘူး ဒီတိုင်းလေးပဲ နေချင်
တယ်kyung ; မင်းဗိုက်ဆာနေမှာပေါ့
jong ; soo ရှိနေရင် ဘာမှမလိုတော့ဘူး
သူ့စကားအောက်မှာ နောက်တခေါက် ထဖို့
ကြိုးစားနေတဲ့ ကျွန်တော့် အပြုအမူတွေ ငြိမ်သက်သွားသည် သူ့ရင်ခွင်ကျယ်ထဲ ကိုသာ
တိုးဝင်လိုက်ရင်း မျက်လုံးမှိတ်ထား လိုက်သည်
သူတခေါက် တခေါက် အသက်ရှုသံတွေ မညီမညာဖြစ်နေတာ သတိထားမိလိုက်တယ် စိုးရိမ်မှုတွေနဲ့သူ့ကို မော့ကြည့်လိုက်တော့
ဘာမှမဖြစ်သလို အိပ်နေတဲ့ မျက်နှာလေးကို
တွေ့လိုက်ရသည်kyung ; သက်သာရဲ့လား
ကျွန်တော့်မေးခွန်းကြောင့် အနားယူနေတဲ့ သူ့
မျက်လုံးတို့ပွင့်လာတာ တွေ့လိုက်တယ် ကျွန်
တော့်ကို ပြုံးကြည့်လိုက်ပြီးjong ; inn ခါတိုင်းလိုပါပဲ
kyung ; တော်သေးတာပေါ့ လာ မနက်စာ အချိန်လွန်ရင်မကောင်းဘူး ဆေးသောက်ရဦး
မယ်လေkyung soo အပြောကြောင့် သူစိတ်ညစ်သွား
ပုံရသည် ဆေး?? သူ အမုန်းဆုံး အရာတွေထဲမှာ ဆေး ဆိုတဲ့အရာလည်း ပါသည် ဒါပေမယ့် ကျွန်တော် နဲ့မခွဲဘဲ အသက်ဆက်ရှင်ဖို့ အတွက် ဆိုရင်တော့ သူ် အမုန်းဆုံးဆေးတွေက ကယ်တင်ရှင် လိုဖြစ်နေပြန်သည် jong in မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ ဝင်သွားတော့ မနက်စာပြင်ပေးဖို့
ကုတင်ပေါ်က ထလိုက်ပြီး အခန်းပြင်ထွက်
လိုက်သည် အားလုံးပြင်ပေးပြီးတော့ jong in
ကိုခေါ်ဖို့ အခန်းထဲဝင်သွားတော့ ရင်ဘတ်ကို
ဖိပြီး ခက်ခက်ခဲခဲအသက်ရှုနေရတဲ့ jong in
ပုံစံကြောင့် မျက်လုံးတွေပြာသွားသည်