အတွေးအခေါ် ပညာရှင်ကြီး တစ်ယောက်က ပြောခဲ့ဘူးတယ်
- အချိန်တန်ရင် မေ့ပျောက်သွားမယ့် အတိတ်
မှာပဲ နစ်မွမ်းညှိတွယ်နေသူဟာ ရှင်လျက်နဲ့သေ
နေတဲ့ မိုက်မဲသူတစ်ယောက်ပဲ -မှန်ပါတယ် လက်ရှိအချိန်ကို အတိတ်ကနေ ရုန်း ထွက်ပြီး ရှေ့ကိုလျှောက်လှမ်းသင့်တာပေါ့ ဒါပေ
မယ့် ရွှေရောင်တောင်ပနေပြီး ချိုမြိန်တဲ့ အနာ ဂတ်နဲ့ ခါးသီးပေမယ့် တန်ဖိုးမဖြတ်နိုင်အောင် လှပတဲ့အတိတ် ဆိုရင်တော့ ကျွန်တော် မိုက်ရူး ရဲ ဆန်စွာပဲ အတိတ်ကို ရွေးချယ်ပါရစေ …•~•~•~•~•~•~•
ပြိုင်ပွဲထဲမဝင်ခင် နားနေခန်းထဲ ထိအောင်ကြား နေရတဲ့ ပရိသတ်ရဲ့ အားပေးသံက ကြောက်
ခမန်းလိလိ … နည်းပြရဲ့ ဘယ်လိုနေရာမှာ ဘယ်လို ပြန်ကာကွယ်ရမယ် ဆိုတဲ့ ခေါင်းစဉ် တွေနဲ့ သြဝါဒတွေကို ငြီးငွေ့လာပြီ သိပြီးသား အကြောင်းအရာတွေကိုပဲ အက်ကြောင်းထပ်
အောင်ပြောနေတာဒါလည်း နည်းပြ အပြစ်တော့ မဟုတ်ပါဘူး နိုင်ငံ့
ဂုဏ်သိက္ခာကို အဆုံးအဖြတ်ပေးမယ့် နိုင်ငံနဲ့ ဆိုင်တဲ့ ပွဲဆိုတော့လည်း စိတ်ဖိစီးမှာပေါ့ ဒါပေမယ့် ဒီတစ်ခေါက်က တော်ပါသေးတယ် ကိုယ့်နိုင်ငံက အိမ်ရှင်ဖြစ်နေတော့ ကျန်တာ
စိတ်ပူရဘူး" hyung ဒီလိုလုပ်မနေပါနဲ့ ကျွန်တော့်ရဲ့ နောက်ဆုံးပွဲဆိုတာ သိနေတာပဲ "
သူပြောလိုက်တဲ့ စကားတစ်ခွန်းမှာ suho hyung ငိုင်ကျသွားသည် ဒီလို 7နှစ်တာ ညီအစ်ကိုလို ဆရာတပည့်လို နေလာကျတော့ သူ့ကို နှမြောနေမှာပေါ့
" မင်း တကယ်ဆုံးဖြတ်လိုက်ပြီလား တကယ်
အနားယူတော့မှာလား "" hkhk လုပ်ရတော့မှာပေါ့ ကျွန်တော့်ကို junior တွေ ဘယ်လောက်တောင် ကျိန်ဆဲနေ လဲသိလား သူတို့အတွက် နေရာမဖယ်ပေးလို့ တဲ့ "
suho hyung ကို ခပ်နောက်နောက် ပြောပြီး ရယ်ကာထွက်လာခဲ့သည် ဒါပေမယ့် သူရင်ထဲ
ဲပူလောင် နေတာတော့ ဘယ်သူမှ မသိ … သိ
စရာလည်း မလိုပါဘူး" 2013 ခုနစ် Olympic ပြိုင်ပွဲမှ ကြိုဆိုပါတယ် ခင်ဗျား အခုယှဉ်ပြိုင်မှာကတော့ Tennis ပဲ ဖြစ်ပါတယ် ပြိုင်ပွဲဝင်တွေကတော့ … England ကိုယ်စားပြု Devid John နဲ့ ကျွန်တော်တို့ South Korea နိုင်ငံကိုယ်စားပြု Do Kyung Soo ဖြစ်ပါတယ် "