Intro

2.3K 185 1
                                    

'ဟုတ်ကဲ့ပါ ခင်ဗျာ ဒီတစ်ပတ်အတွက်
M Countdown မှာ ဆန်ကာတင်
ကျန်ခဲ့တဲ့ သူတွေကတော့
Solo artist Jungkook နဲ့ rookie
group ဖြစ်တဲ့ Bts တို့ပဲ ဖြစ်ပါတယ်
ခင်ဗျာ'

'Voting ရလဒ်များအရ ဒီတစ်ပတ်အတွက်
winner ကတော့.......
Bts ဖြစ်ပါတယ် ခင်ဗျာ chukhadirimida'

Winner ကြေညာပြီးချိန်မှာတော့
Member များမှ တစ်လှည့်စီ ကျေးဇူးတင်
စကား ပြောကြားပြီး နောက်ဆုံး Taehyung အလှည့်ဝယ်

'အရှေ့က hyung တို့ ပြောသွားတာ
ကျေးဇူးတင်ထိုက်တဲ့ သူတွေအားလုံး
ပြည့်စုံသလောက်ပါပဲ ဒါပေမယ့် တစ်ယောက်တော့ ကျန်ပါသေးတယ်
ကျွန်တော်တို့ ဒီလို အခြေအနေထိ ရောက်
လာအောင် တွန်းအား ဖြစ်စေခဲ့တဲ့
တစ်စုံတစ်ယောက်ကိုလည်း ကျေးဇူး
အထူးတင်ပါတယ်'

'Nae Jungkook shi
ကုမ္ပဏီတစ်ခုတည်းက Junior တွေ ဆုရ
သွားတော့ ဘယ်လို ခံစားရပါသလဲ ခင်ဗျာ'

'ကျွန်တော် ရတာ မဟုတ်ပေမယ့် ကျွန်တော်ရတာထက်တောင် ပျော်ရွှင်
မိပါတယ် ခင်ဗျာ'

Taehyung's pov

hk အပိုတွေ လုပ်နေတာ ပါးစပ်ဟလိုက်
တာနဲ့ မင်းရဲ့ ပါးစပ်က ထွက်လာတာ
အလိမ်အညာစကားတွေပဲ

Jungkook interview ဖြေနေရာက
လှမ်းကြည့်တော့ Taehyung က
မျက်မှောင်ကျုတ်ကာ နှုတ်ခမ်းဖျားတို့က
ပြုံးနေသယောင် ရှိပေမယ့် လှောင်ရိပ်သမ်း
နေတယ်ဆိုတာ သူသိသည်

သေချာပါတယ် Taehyung ရဲ့ စိတ်ထဲ
သူ့စကားတွေက လိမ်ညာနေတာ
လှည့်ဖျားနေတာ ဒီလို အတွေးတို့ကသာ
စိုးမိုးထားတာ ဖြစ်ပါလိမ့်မယ်

တစ်ခါလောက်လှည့်ဖျားခဲ့ဖူးတယ်.....်

ဘုရားသခင်က အမှားပြင်ဆင်ဖို့
အခွင့်အရေး နောက်တစ်ကြိမ် ထပ်ပေးရင်
တောင် သူ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့
စိတ်ကူးမရှိပါဘူး

အဲ့ဒါ ကျွန်တော် hyung ကို အရမ်းချစ်
လို့ပါ Tae Tae hyung....

*******************************

Written By
Armious

20.4.2016

Face MakerWhere stories live. Discover now