Part 3

1K 136 8
                                    

CEO အခန်းထဲက ထွက်သွားတော့ member တွေ
အားလုံးရဲ့ အကြည့်က Jungkook ဆီမှာ
လာဆုံကြသည်

အခုထိ ဒီလိုအကြည့်တွေကို မရင်ဆိုင်ရဲသေးတာမို့
သူ့ရဲ့ ခေါင်းကို ကြမ်းပြင်ကို ထိလု မတက် ငုံ့ထား
မိသည်

'လုံးဝ အံ့သြစရာပဲကွာ Jeon Jungkook
မင်းမို့လို့ လုပ်ရက်တယ်'

'ငါတို့ပေးဆပ်ခဲ့ရတဲ့ အရာရာတိုင်းကို မင်းဖျက်ဆီး
လိုက်တာပဲ'

'နောက်တစ်ပတ် debut တဲ့လား ဟမ်
မင်း ဘယ်အချိန်တည်းက ငါတို့ကို သစ္စာဖောက်ခဲ့တာလဲ'

'Yahh Jungkook arnyi ခုတော့ sunbae ပေါ့ hk
hk တစ်ခုခုတော့ ပြောဦးလေ'

'wae? အပြစ်လုပ်ထားပြီး ရင်မဆိုင်ရဲတော့တာလား'

အားလုံး ရဲ့ အပြစ်တင်စကားတွေ သူကြောက်လွန်း
လို့ နှုတ်ခမ်းတွေပင် တုန်လာသည်

arnyi Jungkook မင်းစိတ်ဓါတ် အရင်လို ပျော့ညံ့လို့
မဖြစ်ဘူး အခြေအနေက ဒီထက်ပိုဆိုးလာဖို့ပဲ ရှိတာ

အတွေးထဲ သူ့ကိုယ်သူအားပေးရင်း ခေါင်းမော့ကာ

'hyung တို့ ဒေါသထွက်မယ်ဆိုတာ သိပါတယ်
ဒါပေမယ့် ကျွန်တော်သာ ဒီအဖွဲ့နဲ့ debut ခဲ့ရင်
ကျွန်တော့ talent တွေ မြုပ်နေမှာပေါ့ သိတဲ့
အတိုင်း Bangtan ဆိုတာ Hip Hop ဦးစားပေး
အဖွဲ့လေ ပြီးတော့ solo artist လုပ်ပေးတယ်ဆိုတာ အရည်အချင်းရှိလို့ သာ
လုပ်ပေးတာပေါ့ အရင် debut ရတယ်ဆိုတာ
လည်း ကိုယ့် talent နဲ့ ကိုယ်ပဲလေ'

'မင်းကွာ'

'ခွပ်'

Jungkook ရဲ့ စကားအဆုံးမှာ Namjoon ရဲ့
လက်သီးတစ်ချက်က သူ့မျက်နှာသို့ အရှိန်အဟုန်နဲ့
ထိခတ်လာခဲ့တယ်

Jymgkook ငိုချင်တာကို အတင်းထိန်းသိမ်းထား
တာကြောင့် မျက်လုံးက ချက်ချင်းနီရဲလာခဲ့သည်

ဒါပေမယ့် ဒေါသထွက်နေတဲ့ member တွေကတော့
Jungkook ရဲ့ အဖြစ်ကို မမြင်နိုင်ခဲ့

'hk wae? မှန်တာပြောတော့ နာတယ်လား
ဒါဆို နောက်ထပ် ထပ်ထိုးလည်းရပါတယ် ကျွန်တော်ပြောတာ မမှားတဲ့ အမှန်တရား တစ်ခုမို့လို့
Audition ကို ပထမအဆင့်နဲ့ အောင်ခဲ့တာ ဘယ်သူမို့လို့လဲ vocal trainer,dance trainer တွေရဲ့ ချီးကျူးခံရတာ ဘယ်သူမို့လို့လဲ
ကျွန်တော်ဆိုတဲ့ Jeon Jungkook ပဲလေ'

Face MakerWhere stories live. Discover now