Part 2

971 122 2
                                    

ခမ်းနားလှတဲ့ အဆောက်အဦးကြီးရှေ့မှာ
Jungkook နဲ့ Taehyung နှစ်ယောက်
အပေါ်ထပ်ကို မော့ကြည့်လိုက်သည်

တကယ်ကို အမြင့်ကြီးပါပဲ
ဒီလို entertainment မျိုးမှာ trainee
ဖြစ်ခွင့်ရတာ သူတို့ အတွက်တော့
အထူးအခွင့်အရေးပါပဲ

'hyung,Kookie ကို တစ်ချက်လောက်
ရိုက်ကြည့်လိုက်ပါ'

'wae?'

'အိပ်မက် မက်နေသလိုပဲ
ခြေထောက်နဲ့ မြေကြီး မထိသလိုတောင်
ခံစားရတယ်'

'ဟုတ်လား အာ့ဆို hyung က အိပ်မက်
ဟုတ်မဟုတ် အတည်ပြုပေးမယ်'

Taehyung စကားဆုံးတာနဲ့
သူ့လက်ထဲက အထုတ် ၂ ထုတ်ကို ချကာ
Jungkook ရဲ့ ပုခုံး ၂ ဖက်ကို ဆုပ်ကိုင်
ကာ ပါးနှစ်ဖက် ရဲ့ ဟို ဘက် ဒီ ဘက်ကို
ရွှတ်ခနဲ နမ်းလိုက်လေသည်

ပြီးမှ သူဘာမှ မလုပ်ခဲ့သော မျက်နှာပေးဖြင့်

'ဘယ်လိုလဲ အိပ်မက် မဟုတ်မှန်း သိသွား
ပြီမလား'

'Kim Tae Hyung Byuntae!!!!'

'Yahh hyung ကို '

'blah blah'

Jungkook
Taejyung ကို လျှာထုတ် ပြောင်ပြပြီး
အထုတ်တွေ မနိုင်တနိုင်နဲ့ ဆွဲကာ
ပြေးတော့သည်

အထုတ်တွေက လေးလွန်းတာမို့
ပြေးနေတဲ့ ပုံစံက ကွတကွတ ဖြစ်ကာ
ပင်ကွင်းလေးနဲ့ပင် တူနေလေသည်

Aigooooo ချစ်ဖို့ကောင်းလိုက်တာနော်

----------------------------------------------------------------------

Taehyung နဲ့ Jungkook လည်း staff တွေ ညွှန်ပြ
တဲ့အခန်းမှာ တခြား trainee 5 ယောက်နဲ့အတူ
CEO အလာကို ထိုင်စောင့်နေကြသည်

'အဟမ်း ငါတို့အားလုံး မိတ်ဆက်ကြရအောင်လေ
ငါ့နာမည်က Jhope လူသားတိုင်းရဲ့ မျှော်လင့်ချက်လေးပေါ့'

Jhope ရဲ့ မိတ်ဆက်စကားကြောင့် အားလုံး
တဟားဟားနဲ့ ဝိုင်းရယ်ကြလေသည်

'annyeong ငါ့နာမည်က Suga ပါ'

Swag စတိုလ်အပြည့်နဲ့ ကောင်လေးကတော့
တိုတိုတုတ်တုတ်ပဲ မိတ်ဆက်သွားလေသည်

'annyeong ငါ့နာမည်က Rap Monster
Rapmonလို့လည်း ခေါ်လို့ရပါတယ်'

Rapmon ဆိုတဲ့ ကောင်လေးကတော့ ပါးချိုင့်နှစ်ဖက်
ခွက်နေအောင်ပြုံးကာ မိတ်ဆက်လေသည်

Face MakerWhere stories live. Discover now