☕ Part 5 ☕

563 45 2
                                    

သာယာတဲ့နံနက်ခင်းအလုပ်ပိတ်ရက်လဲဖြစ်
Luluလေးနဲ့ပြန်ဆုံပြီးကတည်းကအေးဆေး
မတွေ့ရသေးတာကြောင့်ခရီးထွက်လာဖြစ်
တယ် သူမကတော်တော်လေးပျော်နေပုံ
ရပြီးစားစရာတွေကိုခြင်းကြီးနဲ့အပြည့် ပြင်ဆင်ထားသမျှတစ်ခုချင်းကိုထုတ်
ကျွေးနေတော့တာ

" ကိုကို ဒါလေးစား အာ !!!

" wow!!အရသာရှိလိုက်တာlu က
သေချာချက်တတ်တာဘဲကိုကိုဒီလက်ရာ
လေးကိုသဘောအကျလွန်ပြီးအမြဲစားချင်
နေမှဒုက္ခ"

"  ဘာဖြစ်လို့လဲကိုကိုစားချင်တယ်ဆိုLu
က အမြဲချက်ကျွေးမှာပေါ့ စိတ်ပူစရာမရှိ"

" အဲ့လိုပြောတာမဟုတ်ဘူးကိုကိုပြောချင်
တာတစ်သက်လုံးအတွက်ထာဝရအတူ
ရှိနေချင်တယ်လို့ပြောတာ "

" Oh god! ရည်စားစကားပြောနေတာ
လား မပြောမဆိုရုတ်တရက်ကြီးအဲ့လို
ထပြောရလား lu ရှက်လာပြီ "

ဂါဝန်ပန်းရောင်လေးကိုလိမ်နေတဲ့Lu
လက်ကလေးကိုဆွဲကိုင်လိုက်ပြီးအနမ်း
ခြွေလိုက်တော့သူ့ရင်ခွင်ထဲဆိုက်ဆိုက်
မြိုက်မြိုက်တိုးဝင်လာတဲ့သူမ

သို့သော်သူ့ရင်ဘတ်စိုစွတ်လာတာ
သတိထားမိပြီး

" lu ငိုနေတာလား ဘာလို့လဲ
တစ်ခုခုအဆင်မပြေတာရှိလို့လား "

" စိတ်မကောင်းပေမဲ့ lu ကိုကိုအချစ်ကိုလက်ခံ
လို့မရဘူး lu မှာ ကိုကိုနဲ့ဒီကြားထဲမတွေ့ခဲ့တဲ့
အတောအတွင်းစောင့်ရှောက်ပေးခဲ့တဲ့လူရှိလို့"

" အဲ့တာများ ကိစ္စမရှိပါဘူး ကိုကိုမှာလဲအဲ့လို
မျိုးကလေးမလေးတစ်ယောက်ရှိတယ် ကိုကို
ကညီမလေးလိုဘဲသူ့ကိုချစ်တာ lu လဲသူ့
ကိုအဲ့လိုဘဲနေမှာပါ ဟုတ်တယ်မလား"

" မဟုတ်ဘူး ကိုကို မသိပါဘူး lu Omma
မရှိတော့အများကြီးဒုက္ခရောက်ခဲ့တာluအဒေါ်
တွေကlu အမွေတွေအပိုင်သိမ်းပြီးlu ကို Club မှာရောင်းစားခဲ့တဲ့အထိ ……

" ဟင် အဲ့ဒါတွေက ဘယ်လို

" ဟုတ်တယ် Lu ကိုကို ကိုအားလုံးပြော
ပြပါ့မယ်အခုသာချစ်တယ်လို့ပြောနေပေမဲ့
lu အတိတ်တွေကိုသိရင်ကိုကိုလက်မခံနိုင်
လောက်ပါဘူး "

Four Star LoveOù les histoires vivent. Découvrez maintenant