CHANBAEK FIC အသစ်

2.3K 139 1
                                    

ဒါ အနော် ရေးထားတဲ့ Chanbaek Fic အသစ်လေးပါ အားပေးပါဦးနော်

အနော့ Wall ထဲ လာရောက် ဖတ်ရှုနိုင်ပါတယ်။ အာသာကိုယ်တိုင်လည်း ခုတလော Chanbaek feel တက်နေလို့ လက်တည့်စမ်းလိုက်တာပါ

မကောင်းမကန်းလေးမို့ သည်းခံအားပေးကြပါဦး

လွမ်းချင်းဖွဲ့သစ္စာ (Teaser)

မိုးတွေ ရွာနေပြန်ပြီ

မိုးတွေ ရွာနေပြီဆို ကျွန်တော် အရမ်းပဲကြောက်နေမိတယ်။

တချို့ကတော့ ကျွန်တော့်ကို ဂီတ သမားမို့ အသည်းငယ်တယ် လို့ပြောကြတယ် ။

တကယ်တော့ ကျွန်တော့်ဘဝမှာ ကျွန်တော် တန်ဖိုးထားရတဲ့ အရာတော်တော်များများကို ကျွန်တော် လက်လွှတ် ဆုံးရှုံးခဲ့ရပါပြီ ။

ဒါပေမယ့် အဲ့ဒီ ဆုံးရှုံးမှုတွေထက် သူ့ ကို ဆုံးရှုံးရတာ ကျွန်တော့်အတွက် ပိုပြီး နာကျင်ရပါတယ်။

အခုချိန်ထိလည်း သူ့ပုံရိပ်တွေ ကျွန်တော့် အသည်းလွှာပြင်မှာ ထင်ကျန်ရစ်ဆဲ။

အခုချိန်ထိလည်း သူ့အသံလေးတွေ ကျွန်တော့် နားနှစ်ဖက်မှာ ကြားယောင်နေဆဲ။

အခုချိန်ထိလည်း သူနဲ့ အမှတ်တရတွေ ကျွန်တော့် မျက်ဝန်းတစ်စုံမှာ မြင်ယောင်နေဆဲ။

အခုချိန်ထိလည်း သူ့ကို လွမ်းရဆဲ။ တမ်းတရဆဲ။

ကျွန်တော် မှတ်မိပါသေးတယ်

အခုလို မိုးတွေရွာနေတဲ့နေ့

အဲ့နေ့ဟာ ကျွန်တော့်ဘဝအတွက် ဝမ်းနည်းစရာ အကောင်းဆုံး နေ့တစ်နေ့ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ဘူး ။

အဲ့နေ့မှာ ရွာတဲ့ မိုးရေစက်တွေဟာလည်း ကျွန်တော့်ဘဝအတွက် ဝမ်းနည်းစရာ အကောင်းဆုံး မိုးစက် တွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ဘူး ။

အဲ့ဒီ မှောင်မိုက်တိတ်ဆိတ်နေတဲ့ ညနေခင်းလေးမှာ ကျွန်တော့်ဘဝရဲ့ အထီးကျန်ဆန်မှုတွေ စတင်ခဲ့တာပေါ့။

ကျွန်တော် တစ်ခါမှ အဲ့လောက် မနာကျင်ရဖူးဘူး။ တစ်ခါမှ အဲ့လောက် မကြေကွဲရဖူးဘူး။

ယနေ့ထိတိုင် ကျွန်တော့်ဘဝလေး မှောင်မိုက်နေတုန်းပဲ။ တိတ်ဆိတ်နေတုန်းပဲ။

သူ မရှိတဲ့ ကျွန်တော့်ရဲ့ဘဝလေး အထီးကျန်နေတုန်းပဲ။

ကျွန်တော်ကတော့ Park Chan Yeol ဆိုတဲ့ သူ့အပေါ် ထာဝရ လွမ်းတေးသီဖွဲ့လျက် လွမ်းချင်းများစွာကို ရင်ဝယ်ပိုက်ထွေးကာ တစ်ယောက်သောသူကို သစ္စာရှိရှိ စောင့်မျှော်နေဦးမှာ ပါပဲ။

#Chanbaek #Yaoi
#လွမ်းချင်းဖွဲ့သစ္စာ

ပထမဆုံးရေးတဲ့ chanbaek fic လေးမို့ အားပေးကြပါဦး ။ မကောင်းမကန်းလေးကို ဝေဖန်ပေးကြပါဦး

감사합니다 '

EXO JOKESWhere stories live. Discover now