ဘာကြောင့်တပ်ခဲ့သေးလဲ ဟုတ်လား
ပြောခဲ့ပြီးပြီလေ ဒီလိုတွေဖြစ်လာမယ်မှန်းမသိလို့လို့
လူတွေက မျက်နှာဖုံးနဲ့လူကိုမှ ကြိုက်ကြတာလေ
ပြီးတော့ ငယ်ငယ်လေးကတည်းက မျက်နှာဖုံးတပ်ဖို့သင်ပေးကြတာကို
မတပ်ချင်လည်း အတင်းတပ်ခိုင်းကြတယ်လေ
နာကျင်လို့ငိုချင်ရင်တောင် ငိုခွင့်မပေးကြဘဲ ပြုံးခိုင်းခဲ့ကြတယ်လေ
ဘာကြောင့်လဲ မေးကြည့်တော့
အဖြေက မရေမရာ ပြုံးသင့်လို့တဲ့လေ
ဟက်...ဟက်
သူများတွေကတော့ ပြောကြတယ် ဝတ္တရားအရ
တစ်ချို့ကတော့ ကျင့်ဝတ်တဲ့
ကိုယ်နာကျင်လို့ငိုချင်ရင်တောင် ကျင့်ဝတ်အရပြုံးပြဖို့ သင်ခံရတဲ့ လူတစ်ယောက်က
မျက်နှာဖုံးမတပ်ချင်ဘူးပြောပြီး အတင်းငြင်းလို့ရမတဲ့လား
ဟား....ဟာ....ဟား
လောကကြီးက ရီရတယ် အရမ်းပဲ
လူတွေပါးစပ်ဖျားမှာတော့ ပြောနေကြတယ်
ဟန်ဆောင်မျက်နှာဖုံးမတပ်နဲ့တဲ့
တကယ်တမ်းတော့ ပြောတဲ့လူတွေရော အပြောခံရတဲ့လူတွေပါ အားလုံး
ဟန်ဆောင်မျက်နှာဖုံး တပ်ထားကြတာ သူတို့တွေမှ မသိဘဲ
Hk...Hk...Hk
Twinkle
YOU ARE READING
My Psycho Words
Non-FictionI write when I'm in psycho. So the words will be nonsense. Welcome from my psycho word. Hkhkhk