အသုံးမဝင်ဘူး အသုံးမကျဘူးဆိုတဲ့စကား
ငယ်ငယ်ကတည်းက ကိုယ့်ကိုဘယ်သူမှမပြောကြခဲ့လို့ပဲလား
ကိုယ်နဲ့မဆိုင်တဲ့စကားလုံးအဖြစ်သတ်မှတ်ထားခဲ့တာကိုယ့်ကိုယ်ကိုလည်းအကောင်းဆုံးကြိုးစားခဲ့တယ်လို့ပဲထင်မိခဲ့တယ်
ဒီနေ့ ကိုယ်ကိုတိုင်အဲ့စကားနဲ့ ကိုယ့်ကိုယ်ကိုပြန်သမုတ်မိတယ်တကယ်အသုံးမကျတဲ့သူတစ်ယောက်ပဲ
Papa က သမီးအကြီးမို့ရဲရင့်တဲ့သူတစ်ယောက်ဖြစ်စေချင်တယ်
ကိုယ်ကိုယ်တိုင်လည်းအဲ့လိုဖြစ်နေပြီလို့တွေးမိခဲ့တယ်တကယ်ကဘာမှမစဉ်းစားမဆင်ခြင်တတ်တဲ့ ကလေးတစ်ယောက်သာသာအတွေးအခေါ်တွေသာရှိခဲ့သူတစ်ယောက်
Hkhk ရွယ်တူတွေလောက်တောင်မတွေးခေါ်နိုင်တဲ့သူ
ဆုံးဖြတ်ချက်လည်းကောင်းကောင်းမချတတ်ဘဲ လေကျယ်နေတဲ့သူ
ကိုယ်ပိုင်ဆုံးဖြတ်ချက်ဆိုပြီး သူများတွေဆုံးဖြတ်တဲ့အတိုင်းလိုက်လုပ်တတ်သူတကယ်တကယ်အသုံးမကျတဲ့ငါပါလား
ဒီနေ့အမှားအတွက် Papa ကတော့ကောင်းကောင်းမွန်မွန်ရှင်းပြပေမယ့်
ကိုယ်ကိုယ်တိုင်ကခွင့်မလွှတ်နိုင်ဘူးဖြစ်နေတယ်
ရင်ထဲမှာတင်းကြပ်ပြီးငိုချင်နေတယ်
ဒီလောက်တောင်အသုံးမကျတဲ့ငါပါလားလို့ မချင့်မရဲဖြစ်မိတယ်သူများတွေလို ကိုယ်နဲ့ရွယ်တူတွေလိုတွေးခေါ်နိုင်အောင် ဘယ်လိုများလုပ်ရမှာပါလဲ
နောက်တစ်ခါအခုလိုမျိုးအသုံးမကျတဲ့ခံစားချက်ကြီးမရှိစေချင်တော့ဘူး
ကိုယ့်ကိုယ်ကိုပြောင်းလဲပစ်ချင်တယ်
ဘယ်ကနေဘယ်လိုပြောင်းလဲရမလဲမသိလို့လည်းစိတ်ပျက်မိတယ်မလိုအပ်တဲ့နေရာတွေမှာများရဲရင့်နေမိတာလား
တကယ်လိုအပ်တဲ့နေရာမှာတော့ဘာမှမလုပ်တတ်တဲ့ကလေးတစ်ယောက်သာသာလား
တကယ်ကိုယ့်ကိုယ်ကိုပထမဆုံးအကြိမ်စိတ်ပျက်မိတယ်
ကိုယ့်ကိုယ်ကိုတောင် ဒီလောက်အထိစိတ်ပျက်နေမိရင် ကိုယ့်မိဘတွေကိုယ့်ကိုဘယ်လောက်တောင်စိတ်ပျက်နေလိမ့်မလဲတကယ် Useless ဆိုတဲ့စကားကခံပြင်းဖို့ကောင်းတာပဲ
Twinkle
YOU ARE READING
My Psycho Words
Non-FictionI write when I'm in psycho. So the words will be nonsense. Welcome from my psycho word. Hkhkhk