အထက်တန်းနောက်ဆုံးနှစ်ရဲ့ အားလပ်ရက်ရှည်ဟာ ညကဖေဖေထုတ်ပေးလာခဲ့သော
ဘရာဇီးနိုင်ငံကူးဖို့ လေယာဉ်လက်မှတ်ရယ်
ဘဏ်စာအုပ်ရယ်ဖြင့် တက်ကြွဖြတ်လတ်နေသည်။
ပထမနှစ်က သွားခဲ့ဖူးသော ဟာဝိုင်အီဟာဖြင့်
သူငယ်ချင်းစုံစုံလင်လင်ဖြင့် ပျော်စရာအတိပြီးခဲ့သည်။
ယခုနှစ်မှာတော့ဖြင့် လိုက်ပါမယ့် အပေါင်းအဖော်ရယ်ဖြင့် မရှိတာကြောင့်
ဖေဖေပေးသောလက်မှတ်အား ဗီဇာကြားညှပ်....
သေချာစဉ်းစားတွေးတောကာ
လိုအပ်သည်များထည့်ထားသော အိတ်ဆွဲပြီး
လေဆိပ်ကို ထွက်လာခဲ့လိုက်သည်
Bubble Teaဗူးကို လက်ကမချတန်းကိုင်ကာ
လေဆိပ်ရဲ့ ထိုင်ခုံလက်ရန်းပေါ်မှာ တင်ပလွှဲချိတ်ထားသော ကျတော့်ရဲ့ပုံစံသည်
လှမ်းလှမ်းရှိုးနေကြသော မယ်မဒီလေးများအား အသည်းမြေပေါ်ခသကဲ့သို့ လန်းနေမည်မှာ မလွှဲ ....
ဟုတ်ကဲ့ .... ကျတော်ကတော့Oh Sehunပါ..
......FTLY.....
လေယာဉ်ကြီးဟာဖြင့် စထွက်သည့်အခါမှာတော့ဖြင့်
လေယာဉ်မယ်လေးများရဲ့ ပုံစံပြမျိုးစုံကို သရေမကျရုံတမယ်ငမ်းရင်း သတိရမိသေးသည်။
ဟာဝိုင်အီခရီးစဉ်တုန်းက အီစီကလီထုခဲ့ဖူးသည့် အာရှသူလေး....
အသားညိုစိမ့်စိမ့်နှင့် လုံးကြီးပေါက်လှပျိုကညာသည်
ကျတော့်အား အလွန်ချစ်သည်။
တလောက ပျက်ကျသွားသည့်လေယာဉ်ထဲမှာသာ
သူမမပါသွားခဲ့ဘူးဆိုရင်ဖြင့် ယခု ကျတော်ရဲ့ဘရာဇီးလမ်းကြောင်းတွင် သူမသည်ကျတော့်၏ရင်ခွင်ထဲတွင် ချိုအီစွာပါလာမည်မှာ ဧကန်....
အတန်ငယ်ပျို့တက်လာတဲ့ လည်ချောင်းဝက အရိအရည်တွေကို အသာမျိုချရင်း မသက်မသာခံစားမိသည်။
လေယာဉ်အတက်တွင်ခံစားသော ထိုဝေဒနာကြီးသည် ဘယ်အချိန်မဆို ကျတော့်အားဒုက္ခပေးစမြဲ...
ပိုဆိုးရွားလာသည့် ရင်ခေါင်းပြဿနာသည်
အတန်ငယ်လှုပ်ယမ်းလာသည့် လေယာဉ်ကိုယ်ထည်ကြောင့် ဆိုးဆိုးရွားရွားကြီး ကျတော့်ကိုနှိပ်စက်လာသည်။
သီးမခံနိုင်စွာ နေရာကနေထပြီး သန့်စင်ခန်းအပြေးမှာ နားထဲဆိုးဝါးစွာဝင်လာတဲ့ ကြေညာသံက ....
ညာဖက်တောင်ပံမှာ လောင်ကျွမ်းနေတဲ့ မီးတောက်သည်
ကျတော်နဲ့တကွ ခရီးသည် ခြောက်ဆယ်အား
သေမင်းခံတွင်းသို့ အတင်းဆွဲချနေသည်။
ကျတော်သည် လေယာဉ်ပျက်ကျတဲ့ထဲမှာ ကံဆိုးစွာ ပါသွားခဲ့သည်။
ကျတော် သေဆုံးသွားခဲ့သည်။
.....FTLY.....
ဆိုးလ်ရဲ့အလှမှာ ကျတော်ပျော်ရွင်ဖို့အတွက်
သူ့ကိုထားခဲ့တာမှ မဟုတ်တာပဲ....
ကျတော်သူ့လက်ကို မလွတ်တမ်းဆွဲထားခဲ့သည်လေ....
သူကိုယ်တိုင် ဖြုတ်ချခဲ့သည်မလား....
ကျတော်နောက်တခေါက် ဘရာဇီးကိုထပ်သွားချင်သေးသည်။
နောက်တခါ လေယာဉ်ပျက်ထဲမှာ ကံဆိုးစွာပါသွားချင်သေးသည်။
ကျတော်သူ့ကို ချစ်ချင်သေးသည်။
ချစ်ဖို့ဖန်လာပေးတဲ့ကံကြမ္မာသည်
သူပြန်ပို့ပေးခဲ့တဲ့ ကျတော့်ရဲ့ ပစ္စုပ္ပန်မှာ
ကျတော့်အား နာကျင်စေသည်။
ကျတော်သည် Xiao Luhanအား အလွန်ချစ်သည်။
ပုံ\
အမည်မသိရှေးစာဆို