ကျတော်သည် ၂၁ရာစုတွင် နေထိုင်သော
ခေတ်လူတယောက်ဖြစ်ခဲ့သည်........FTLY.....
မီးလောင်ပျက်ကျခဲ့သော လေယာဉ်နှင့်အတူ
ကျတော်ပါသေဆုံးခဲ့သည်လား....
ကိုက်ခဲခြင်း အလျင်းမရှိပဲ နိုးထလာခဲ့သော
အိပ်ရာထက်ကမျက်နှာချက်သည်
မီးဆိုင်းလွင်လွင်ကြီးဖြင့် ကျတော့်အသိဉာဏ်အား ရှုပ်ထွေးစေသည်။
ကျတော်သေပြီး ဘယ်ကို ရောက်သွားခဲ့တာလဲ.....
ဘေးဘီဝဲယာကို ကြည့်တော့ ဘေးစားပွဲပေါ်က နွားနို့ခွက်နဲ့ စာတစောင်...~နွားနို့ကိုသောက်လိုက်ပါ ပြီးရင်ရေချိုး~
အခန်းထဲက ကျယ်လောင်သော တချက်ချက်မြည်သံပေးနေသော
နာရီဘိုးအေကြီးသည် လွန်စွာမှအိုဟောင်းနေပြီ....
ရှေးဆန်ဆန် အသုံးအဆောင်တွေနဲ့ ထိုအခန်းထဲကျတော်သည် ကယ်တင်ခြင်းခံခဲ့ရသည်လား...
ကျတော် အသက်ရှင်နေသေးသည်လား....
ဘာဘာညာညာတွေးတောမနေတော့ပဲ နွားနို့သောက်လိုက်ပြီး ရေချိုးခန်းဟုထင်ရသည့်
အခန်းငယ်လေးထဲကို ဝင်လာခဲ့လိုက်သည်။
ရေပန်းမရှိသော ရေချိုးခန်းငယ်သည်
အုတ်ကန်နကိနက်ရဲ့ဘောင်ပေါ်မှာ တင်ထားသည့် ရေခွက်ခပ်လတ်လတ်က ဆပ်ပြာခွက်တဲ့အတူ ကျတော့်ကို ကြိုဆိုနေသည်။
ဘယ်လိုအိမ်ဘာလိမ့်......
အရာဝတ္ထုတိုင်းမှာ တွေးစရာတစ်ခုကျန်နေခဲ့သည်။
ရေချိုးပြီးတော့ ဘေးတန်းမှာတင်ထားတဲ့ တဘက်ဘေးမှာ
စာတစောင်....~အိပ်ရာခြေရင်းက ဗီရိုထဲမှာ ကြိုက်တာယူဝတ် ပြီးရင် အိမ်အောက်ဆင်းခဲ့~
စာထဲကလူပြောတဲ့အတိုင်းပဲပေါ့ဗျာ....
သူနဲ့တွေ့မှပဲ မေးရတော့မယ် ....
ဗီရိုဖွင့်လိုက်တော့ စီရီနေတဲ့ အဖြူရောင်အင်္ကျီတွေကို ကျတော့်ကိုကြိုဆိုပြန်သည်....
ဝတ်ကြည့်လိုက်တော့ ကွက်တိ
အပြာရောင်ဘောင်းဘီတစ်ထည်ရွေးဝတ်လိုက်ပြီး
အောက်ထပ်ဆင်းလာခဲ့လိုက်သည်။
အတန်ငယ်ကျယ်လောင်တဲ့ တီးလုံးသံနဲ့အိမ်အောက်ထပ်မှာ စက်ကိရိယာတွေနဲ့ ရှုပ်ရှပ်ခတ်နေသည်။
ကျတော်လည်း ဟိုဟိုဒီဒီပတ်ကြည့်နေရင်း
တစ်နေရာရောက်တော့ ......
သစ်စတိုတွေနဲ့ ပြုလုပ်လက်စ လေယာဉ်ပျံငယ်တစ်ခု....
ထိုအရုပ်လေးနဲ့အတူ နာရီပျက်တွေ ပြန့်ကျဲနေသည်။