အပယ်ခံလို့ပဲ ပြောရမလား ... ဘာမှမဟုတ်တဲ့ကောင်လို့ပဲ ပြောရမလား ... ရှင်လျက်နဲ့ သရဲဖြစ်နေတဲ့ကောင်လို့ပဲ ပြောရမလား ... Kyung Soo ကိုယ်တိုင် သူ့ကိုယ်သူ အဓိပ္ပါယ်မဖွင့်တတ် ... သေချာတာတစ်ခုကတော့ ရှင်သန်နေရတဲ့ သူ့ဘဝကြီးက ဘာအဓိပ္ပါယ်မှမရှိပါ ...
* ကျွန်တော်ဟာ werewolf တစ်ကောင်ပါ * လို့ ပြောရင် အံ့သြသွားကြမှာလား ... သူဟာတကယ် Red Moon Pack က omega ပါ ... သူတို့မြို့မှာတော့ werewolf လို့ပြောရင် အထူးအဆန်းလုပ်နေမှာမဟုတ်တော့ ... ဘာလို့လဲဆိုတော့ ဒီမြို့မှာ နေထိုင်သူတွေအားလုံးက immortal တွေပဲ ဖြစ်နေကြတာလေ ...
သူတို့တွေနေထိုင်ကြတာ လူတွေနဲ့သိပ်မခြားပါဘူး .. အာဟာရအတွက်တောထဲမှာ ကိုယ်တိုင်ကိုယ်ကျ အမဲလိုက်ကြတာကလွဲလို့ပေါ့ ... သူတို့ဆီမှာ လိုအပ်တာတွေသင်ပေးဖို့အတွက် ကျောင်းလည်းရှိပါသေးသည် ... လူတွေကို သင်ပေးတဲ့စာတွေနဲ့တော့ ဘယ်တူမလဲ ...
ကျောင်းမှာ Do Kyung Soo ဆိုတဲ့ ကျွန်တော့်ကို ဘယ်သူမှမသိဘူး ဆိုရင်ရော ထပ်ပြီးအံ့သြသွားဦးမလား ... မသိတာထက် အရေးမလုပ်တာဆိုရင် ပိုမှန်ပါလိမ့်မည် .. သူ့ကို ကျောင်းသားတွေမပြောနဲ့ ဆရာတွေကလည်း အဖက်မလုပ်ကြပါ ... သူတို့ကိုလည်း Kyung Soo အပြစ်မတင်ချင်ပါ ...
သူဟာ မိဘတွေ ဘယ်သူဘယ်ဝါဆိုတာမသိခဲ့သလို ဘယ် pack ကဆိုတာလဲ မသိပါ ... မွေးကင်းစကလေးဘဝကတည်းက သူ့ကို Red Moon pack က Alpha အိမ်ရှေ့မှာ စွန့်ပစ်ထားခဲ့တာပါတဲ့ ... Alpha က သူ့ကို သားတစ်ယောက်လို ချစ်ခင်ပေမဲ့ တခြားလူတွေအကုန်လုံးရဲ့ အမြင်မှာ သူဟာ pack က စွန့်ပစ်ခံရတဲ့ werewolf တစ်ကောင် ~! တချို့တွေကလည်း Do Kyung Soo ဆိုတဲ့ကောင်က သူတို့ဆီကို ကံကြမ္မာဆိုးတွေသယ်ဆောင်လာမယ်လို့ ယုံကြည်ကြလေရဲ့ ...
" Hyunsik "
" Eunji "
" .... "
ဆရာက လူပြည့်မပြည့် ကျောင်းသားနာမည်တွေ ခေါ်နေတာကို ဥပေက္ခာပြုရင်း Kyung Soo ပြတင်းပေါက်အပြင်ကိုပဲ ငေးကြည့်နေမိသည် ... ဂရုစိုက်နေလည်း ဆရာဟာ သူ့နာမည်ကို ခေါ်မှာမဟုတ်ဘူးဆိုတာ သူသိနေတယ်လေ ... name list မှာ သူ့နာမည် ရှိပါလျက်နဲ့ အခေါ်မခံရတာ နှစ်တွေချီနေပြီမို့ သူ့အတွက် ထူးပြီးမခံစားရတော့ ... သူထိုင်ရတဲ့ခုံက ခုံတန်းတွေအကုန်လုံးရဲ့ နောက်ဆုံးတန်းမှာ တစ်ခုံတည်းရှိနေတဲ့ စာသင်ခုံလေး ...
ESTÁS LEYENDO
Full Moon
FanficMain Charcters - Kim Kai & Do Kyung Soo Type - Werewolf , Angst , Romance Author - @Doh_Chen_Hyun [ WARNING - Rated M ]