၂။အလင်းပျောက်နေမင်း

1.1K 156 9
                                    

နေတစ်စင်း၏လင်းလက်ကြယ်

အပိုင်း(၂)

------------------------------

#ဆယ်ကျော်သက်ကောင်မလေးတို့အသည်းစွဲSmileအဖွဲ့မှအဖွဲ့ဝင်Kai,Dramaစတင်ရိုက်ကူး#

Web ပေါ်မှာ ပျံ့နေတဲ့ သတင်း တစ်ခု ကြောင့် ကျွန်တော် ပြုံးမိသည် ...

"ကိုကို........."

"Hunnieလာလေ......"

ကျွန်တော် Notebook ကို ပိတ်ပြီး ခုံကို ကုတင်ဘက် လှည့်လိုက်တော့ Hunnie က ကုတင်ပေါ် တက်ထိုင်သည်...

"ကိုကိုJonginနဲ့တွေ့ပြီးပြီလား..."

Hunnie ကမေးတော့ ကျွန်တော် နှုတ်ဆိတ်စွာ ခေါင်းခါ ပြလိုက်၏ ...

"ကိုကိုနဲ့သူအရမ်းခင်ခဲ့တာနော်...ကိုကိုထွက်သွားတာနဲ့........."

"တော်ပြီHunnie...ကိုကိုအိပ်ချင်နေပြီ..."

ကျွန်တော် ဆက်နားထောင် နိုင်စွမ်း မရှိပါ ... Jongin နဲ့ ပတ်သက်ပြီး ကျွန်တော် အားလုံး မေ့ပစ် သင့်ပါပြီ...

"နားထောင်ရမယ်ကိုကို......ကိုကိုကြောင့်မလား!!!"

"Sehun!!!!"

ညီအစ်ကို နှစ်ယောက်ကြား တင်းမာ လာတဲ့ အခြေအနေ ဖြစ်နေတာ ကြောင့် ကျွန်တော် စိတ်ကို လျော့ချလိုက်သည် ...

"ငါပင်ပန်းနေတယ်...နောက်မှပြော......"

Sehun ကတော့ မကျေတဲ့ ပုံပါ ... သူထွက် သွားတော့ ကျွန်တော် ကုတင် ပေါ်လှဲကာ မျက်ရည်တို့ကို ခပ်ကြမ်းကြမ်း သုတ်ပစ် မိသည် ... ကျွန်တော်က Jongin ဆိုတဲ့ နာမည်ကိုတောင် မခေါ် သင့် တော့ တဲ့ သူပါလေ......

*************

"Jonginကသရုပ်ဆောင်ကောင်းပါတယ်......"

"ကျေးဇူးပါပဲကွာ......"

ကျွန်တော့် အခန်းထဲ Baekhyun ဝင်လာပြီး အခွေတစ်ခွေကို ကုတင်ပေါ် ပစ်ပေးသည်... Jonginရဲ့ ရှူတင်မှာ သွားရိုက်လာတဲ့ အခန်းတစ်ခန်း...

"မင်းငါ့ကိုငါ့ကိုထားသွားတုန်းကလှည့်တောင်ကြည့်ခဲ့လို့လား......"

"မဟုတ်ဘူးမောင်...ဟာနာရှင်းပြပါရစေ......"

"ဟင့်အင်း!!!မင်းထွက်သွားပါတော့......ငါ့ဘဝနဲ့ငါနေသားကျနေပါပြီ......"

Has llegado al final de las partes publicadas.

⏰ Última actualización: Apr 27, 2016 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

နေတစ်စင်း၏လင်းလက်ကြယ်Donde viven las historias. Descúbrelo ahora