အဟမ်းး sad ending နော် XD...စတာပါ
စတာပါ sad လုပ်စရာလားလို့ ခွီးးး!ဒီနေ့...December 25 (X'mas)
Luhan မနက်အိပ်ရာထတာနဲ့ တပြိုင်နက် ရေမိုးချိုးပြီး Hunnie နဲ့ဆင်တူဝယ်ထားတဲ့ ဆွယ်တာအနီလေးကိုဝတ် ဆင်တူမာဖလာလေးကို ပတ်ထားပြီး Breakfast စားဖို့ပြင်နေတယ်!
Hunnie ကတော့ ဒီနေ့တူတူလျှောက်လည်ဖို့ ပြောထားတယ်...သူ့ကိုယုံကြည်ချင်သေးတယ် သူရောက်လာမှာပါ ဒီနေ့တော့......!တွေးနေရင်း အငွေ့ထနေတဲ့ Coffee ခွက်လေးကို နှုတ်ခမ်းမှာတေ့လိုက်တုန်း...
~~Ting Tong~~
Hunnie လာတာဖြစ်မယ်...သူပျော်သွားပြီး ကမန်းကတန်း အိမ်တံခါးကို သွားဖွင့်တယ်!
"ကျွီ"
Hunnie မဟုတ်ခဲ့ဘူးလေ...အာ့လူက သူ့ကို parcel ထုပ်လေးပေး လက်မှတ်ထိုးခိုင်းပြီး ထွက်သွားတယ်!အိမ်ထဲဝင်လာပြီး parcel ထုပ်ကို ဖောက်ကြည့်တော့......
"Follow me!" ဆိုတဲ့ စာရွက်လေးကပ်ထားတဲ့ နှင်းဆီအဖြူ စွတ်စွတ်လေး တစ်ပွင့်!
"အမလေးနော် ငါ့နှယ့် ဒါလေးပေးဖို့ကို Delievery ခ ကုန်ခံပြီး ပို့နေသေးး!အယ်လ် နေပါဦး...ဘယ်သူတုန်း ဒါက ??"
Luhan အူကြောင်ကြောင်နဲ့ အိမ်တံခါးကိုဆွဲဖွင့်လိုက်တော့ အိမ်ရှေ့မှာ နှင်းဆီအဖြူနောက်တစ်ပွင့်!
"ဟင်...စောနလေးတုန်းက မရှိပါဘူး!ဘယ်သူ လာချသွားပြန်ပါလိမ့်?"
နှင်းဆီပန်းလေးကို ကောက်ကြည့်မိတော့ စာလေးကပ်ထားတာ...
"Come to VINE cafe""VINE က လမ်းထိပ်ကဆိုင်လေ...အမယ် ငါကဘာလို့ အာ့သွားရမှာလဲ သွားပါပု!"
ခြေလှမ်းတွေကတော့ Cafe ဆီဦးတည်နေပီ XD
ဆိုင်ထဲ Luhan ဝင်ထိုင်လိုက်တော့ christmas song လေး ငြိမ့်ငြိမ့်လေး ကြားနေရတယ်! ခဏနေတော့ waiter လေး တစ်ယောက်က သူ့ရှေ့ကို ဗန်းတစ်ခုလာချတယ်!
"ဒါတွေ ကျွန်တော် မမှာထားး..."
"Happy Merry Christmas ပါ" လို့ ပြောပြီး waiter လေးလဲ ပြုံးပြကာ ထွက်သွားတယ်!
Luhan စိတ်ထဲဝင်လာတာက အရင်က Hunnie ဒီဆိုင်မှာ Baek ကောင်းမှုကြောင့် သူလိုက်လာပြီး ပိုက်ဆံရှင်းခဲ့ရတာ...ခွေးလိုက်ဆွဲလို့ ၂ ယောက်သား ပြေးခဲ့ရတာကို...!
YOU ARE READING
"Coincidence"
Romance၁၂ အရွယ် အကိုဖြစ်သူအား ၁၈ အရွယ် ဘာမှမသက်ဆိုင်တော့တဲ့ ကောင်လေးအဖြစ် တွေ့လိုက်ရသောအခါ....... Side [ CB & KS ]