Episode 2

1.5K 129 1
                                    


ကြီးမားသောခြံဝန်းကြီးသို့ ၀င်လိုက်သည်နှင့် Junsu မျက်နှာလေးငယ်သွားပြီး Yoochun ရဲ့လက်ကို ခပ်တင်းတင်းလေးဆုပ်ကိုင်မိသည်။ Yoochun က အားပေးသလိုပြုံးပြရင်း.....

"ဘာမှမကြောက်နဲ့ Omma တို့ကမင်းကို အရမ်းတွေ့ချင်နေကြတာ"

Junsu ကခေါင်းလေးအသာအယာ ညိတ်ပြရှာသည်။
၂ထပ်တိုက်အိမ်ကြီးထဲသို့ရောက်တော့ လှပခေတ်မီလွန်းသော အပြင်အဆင်များကြောင့် Junsu မျက်လုံးလေးပြူးပြီး လိုက်ကြည့်နေသည်။

"Omma ရေ သားတို့ပြန်ရောက်ပြီ"

"ရောက်ပြီလား Omma က မနက်တည်းကမျှော်နေတာ"

အသံနှင့်အတူ အလွန်ချောမောသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတဦးထွက်လာသည်။ သူမမျက်နှာက ပြုံးရွှင်နေပြီး စိတ်သဘောထားပြည့်ဝသောအသွင် ရှိလေသည်။

"ဒီကလေးလေးလား မွေးစားဖို့ဆိုတာ"

"ဟုတ်တယ် Omma ချစ်စရာလေးနော်"

Yoochun စကားကြောင့် Junsu ရှက်အမ်းအမ်းနဲ့ ရီလိုက်သည်။ အမျိုးသမီးကြီးကလည်း အနားကပ်လာပြီး..

"ဟုတ်ပါ့ချစ်စရာလေးပဲ သားလေးနာမည်ဘယ်လိုခေါ်လဲ"

"Kim Junsu ပါအန်တီ"

"သားနာမည်က အခုချိန်ကစပြီး Park Junsu ဖြစ်သွားပြီ ပြီးတော့ အန်တီလို့မခေါ်နဲ့ Omma လို့ခေါ် ဟုတ်ပြီလား"

"Nae Omma"

Yoochun လည်းအမေဖြစ်သူနှင့် Junsu ကိုကြည့်ပြီး သဘောကျနေသည်။

×××××××××××××××

"Omma သားကျောင်းကပြန်လာပြီ"

အသံနှင့်အတူ အိမ်ထဲသို့ ကောင်လေးတယောက်ဝင်လာသည်။

"သားငယ်လေးပြန်လာပြီလား လာပါဦး Omma ဆီကို"

ဧည့်ခန်းထဲတွင် Omma နဲ့အတူတူထိုင်နေသော သူနဲ့ရွယ်တူကောင်လေးကိုမြင်တော့ ကြောင်သွားပြီးမှ

"Omma သူကဘယ်သူလဲ"

"သူကမိသားစုဝင်အသစ်လေ Omma တို့မွေးစားလိုက်တာ သူ့နာမည်က Junsu တဲ့
သား Junsu ဒါကသားရဲ့အစ်ကိုလေး Yunho"

Junsu ကနှစ်လိုဖွယ် ပြုံးပြပေမယ့် Yunho က မျက်မှောင်ကြီးကြုံ့ပြီး ကြည့်နေသည်။

Because of Love (Completed)Where stories live. Discover now