"ဗြန်း-"
Yunho လဲ ပါးတဖက်ခြမ်း နာကျင်မှုနဲ့အတူ Junsu မျက်နှာကိုကြည့်လိုက်မိသည်။ ဒေါသကြောင့် သူ့မျက်နှာလေးက နီမြန်းနေလေသည်။
"ဘာလို့ ငါ့ကိုလိမ်တာလဲ ငါကအရမ်းသဘောထား သေးသိမ်ပြီး မင်းကိုတားမှာစိုးလို့လား မင်းအမှန်အတိုင်းပြောရင် ငါတောင်လိုက်ကူညီပေးမှာပါ"
"ဆောရီးပါ Suuie ရယ် ငါမှားသွားပါတယ်"
"အခုမင်း ၂ညတောင် အိမ်ပြန်မလာပဲ ဘာလုပ်နေတာလဲ သူ့အမေအခြေအနေက စိုးရိမ်စရာမရှိတာ ဒေါက်တာပြောလို့ ငါသိပြီးပြီ"
"ငါ ငါစိတ်ပူလို့ပါ တခုခုထပ်ဖြစ်မှာစိုးလို့"
"တခုခုဆို သူဖုန်းဆက်လို့ရတာပဲ မင်းလုပ်ပုံက မဟုတ်သေးဘူးလေ"
Yunho ဘာမှဖြေရှင်းချက် မပေးတော့ပဲ အိမ်ပေါ်သို့တက်ဖို့လုပ်တော့ Junsu က ရှေ့ကနေပိတ်ရပ်ပြီး တားလိုက်သည်။
"ငါပြောလို့မပြီးသေးဘူးလေ ဘာလို့သွားမှာလဲ"
"ကိုယ်နားချင်ပြီ Suuie ခဏလောက်တော့ လွတ်လပ်ခွင့်ပေးပါ"
"သိပ်ပေးနိုင်တာပေါ့ ခဏမဟုတ်ဘူး မင်းအမြဲလွတ်လွတ်လပ်လပ် နေနိုင်ပါတယ် ဒါပေမယ့်ငါ့ကိုလဲ ကတိတခုပေးလေ Jaejoong နဲ့ဘယ်တော့မှ နောက်ထပ်မပတ်သတ်ဖို့"
Yunho မျက်နှာပျက်သွားသည်။ သူ Jaejoong ကိုချစ်မိနေပြီ။ Jaejoong နဲ့သာခွဲရမယ်ဆိုရင် သူသေမှာပဲ။
"Suuie အကြပ်မကိုင်နဲ့ကွာ"
"ဒါဆိုကတိမပေးနိုင်ဘူးပေါ့"
သူတို့ဆူညံဆူညံရန်ဖြစ်နေတော့ Omma နဲ့ Hyung ရောက်လာပြီး ၀င်တားကြသည်။
"ကလေးတွေတော်ကြတော့လေ Yunnie ကလဲ Suuie ကျေနပ်အောင် တောင်းပန်လိုက်ပေါ့"
"Omma ကျွန်တော်သူ့ဆီက ကတိတခုပဲတောင်းတာပါ အဲဒါကို သူကမပေးနိုင်ဘူး ဖြစ်နေတယ်"
"အေးလေ Yunnie ရယ် သူငယ်ချင်းနဲ့ ချစ်သူတယောက်ယောက်တော့ ရွေးမှပေါ့"
တအိမ်သားလုံးက Junsu ဘက်မှာ။ ဟုတ်လဲဟုတ်တာပဲ Junsu မှမမှားတာ။ တကယ်မှားနေတာက ကျွန်တော်လေ။ ကတိတလုံးကြောင့် ကျွန်တော်နဲ့ Jae ရဲ့ အချစ်ကို အပျက်မခံချင်ပါ။
YOU ARE READING
Because of Love (Completed)
FanfictionMy Second Yaoi Fic Main Actor --------- Yoochun Yunho Jaejoong Junsu