အပိုင်း ၃

363 73 7
                                    

*သက်​တံမျက်​​စောင်း*

............................................

"ရွှီ"

လမ်း​ပေါ်မှ​လေချွန်​သံ​ကြောင့်​ သူဖျက်​ခနဲလှမ်းကြည့်​လိုက်​စဉ်​ ရင်းနှီး​နေသည့်​မျက်​နှာတစ်​ခုကိုအမှတ်​မထင်​​တွေ့လိုက်​ရ​လေသည်​။ပြိုင်​ဘီးကိုဖြည်းဖြည်းချင်းနင်း၍သူ့ကိုလှည့်​ပြုံးပြလိုက်​သဖြင့်​ စကားပင်​စည်​ကိုမှီပြီးထိုင်​​နေရာမှမြက်​ခင်း​ပေါ်ပက်​လက်​လှဲချလိုက်​မိသည်​။ဘုရား​ရေ အဲ့လိုမှန်းသိအိမ်​စ​ဆောက်​တုန်းက ခြံစည်းရိုးကိုပန်းပင်​​တွေမစိုက်​ခိုင်းဘဲ အုတ်​တံတိုင်းခတ်​ခိုင်းခဲ့မှာ။ခု​တော့ ခြံထဲနဲ့ခြံပင်​ကိုရှင်းရှင်းလင်းလင်းမြင်​​နေရတယ်​​လေ။

ဒါနဲ့​နေပါဦး ...သုကခုထိ​ကျောင်းမသွား​သေးဘူးလား။သူ့စက်​ဘီးအ​ဝေးကြီး​ရောပ်​သွားမှသူ မြက်​ခင်းပြင်​​ပေါ်ကထလိုက်​ပြီး စကားပင်​အရင်းမှာ​ထောင်​ထားတဲ့ချိုင်း​ထောက်​နှစ်​ခုကိုဆွဲယူလိုပ်​သည်​။မြက်​ခင်​စကိုဖြည်းဖြည်း​လျှောက်​၍အိမ်​ထဲသို့ဝင်​လာခဲ့သည်​။
ဧည့်​ခန်းနံရံ​ပေါ်မှာရှိ​နေသည့်​ ​ဖေ​ဖေနှင့်​​မေ​မေ့ဓာတ်​ပုံကြီးနှစ်​ပုံ။ပြီး​နောက်​....ကိုကို့ဓာတ်​ပုံ။ဒီဘက်​တစ်​ဖက်​မှာ Xiumin၏ပုံ။သူ့ပုံက​တော့ ဘယ်​​နေရာမှာမှမရှိ။သူငယ်​ငယ်​တည်းက လူကြီး​တွေကဓာတ်​ပုံရိုက်​မည်​ဟု​ပြောတိုင်း​ကြောက့်းလန့်​စွာငို​လေ့ရှိခဲ့သူကိုး။အမြွှာညီအကို
ဟူ၍တူယှဉ်​တွဲရိုက်​ခဲ့သည့်​ဓာတ်​ပုံ တပုံတ​လေမျှမရှိခဲ့။Xiumin က​တော့ ငယ်​စဉ်​တည်းကဓာတ်​ပုံရိုက်​ဝါသနာပါခဲ့လို့ တစ်​အိမ်​လုံးမှာသူ၏ဓာတ်​ပုံ​တွေက​နေရာ​တော်​​တော်​ယူထားပါသည်​။
မီးဖိုခန်းဝထိ​လျှောက်​လာခဲ့ပြီး ဟင်းချက်​​နေရာက ​ကြီးကြီးကလှည့်​၍ သူ့အားထိုင်​ခိုင်း​လေသည်​။

"သားဒီမှာလာထိုင်​​လေ "

ခုံမှာဝင်​ထိုင်​လိုက်​ရင်း....

"ကျွန်​​တော်​ကဒီအိမ်​မှာ လူပိုသက်​သက်​ပဲ​နော်​။"

"ဟယ်​...သားရယ်​ အဲ့လိုမ​ပြောရဘူး​လေ။ဘယ်​ကလူပိုတုန်း..။"

You've reached the end of published parts.

⏰ Last updated: May 03, 2016 ⏰

Add this story to your Library to get notified about new parts!

သက်​တံမျက်​​စောင်းWhere stories live. Discover now