PAINFUL LOVE

1.2K 96 1
                                    

[Unicode Version]

Painful Love

ဒီနေ့ Kyung Soo အသက် ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ ဖြစ်သည်။ထို့ကြောင့် Jongin ပုံမှန်ထက် စောစောထကာ Kyung Soo နေသည့် ခေါင်းမိုးထပ်အခန်းလေးသို့ လိုအပ်သည်များ ဝင်ဝယ်ပြီး သွားလိုက်သည်။သော့ဖွက်ထားသည့် ပန်းအိုးအောက်မှ သော့ယူကာ တံခါးဖွင့်ပြီး ဝင်လိုက်သည်။အခန်းကျဉ်းကျဉ်းလေး ဖြစ်သည်မို့ အိပ်ခန်းရော မီးဖိုချောင်ရော တစ်နေရာတည်းမှာပင် ဖြစ်သည်။

Jongin ဝယ်လာသည့် ပစ္စည်းတွေကို မီးဖိုချောင်လေးမှာ နေရာချရင်း Kyung Soo အိပ်နေသည်အား ကြည့်လိုက်သည်။တခြမ်းစောင်းကာအိပ်နေသည်မို့ နဂိုပါးဖောင်းဖောင်းက ဖိမိသလို ဖြစ်ကာ ပုံမှန်ထက် ပိုဖောင်းထွက်နေသည်။Kyung Soo နဖူးလေးအား နမ်းလိုက်ရင်း မွေးနေ့ Breakfast ဖြစ်သည့် ကင်မ်ချီထမင်းကြော် စပ်စပ်လေးအား ဝယ်လာသည့် ပါဝင်ပစ္စည်းများအား ထည့်ကာ ချက်လိုက်သည်။Jongin ကြော်နေတုန်းနောက်က သိုင်းဖက်မှုကို ခံစားလိုက်ရသည်။

"နိုးပြီလား Kyung"

"အွန်း။ဒါပေမဲ့ မျက်လုံးက သိပ်မဖွင့်ချင်သေးဘူး"

"လာကိုယ် မျက်နှာလိုက်သစ်ပေးမယ်"

Jongin ပြောရင်း မီးဖိုအား ခလုတ်ပိတ်ကာ Kyung Soo အား ကူတွဲရင်း ရေချိုးခန်းဆီသို့ ပို့ပေးလိုက်သည်။သူ ကိုယ်တိုင်ပင် Kyung Soo အား မျက်နှာသစ်ပေး၊သွားတိုက်ပေးလိုက်သည်။သေချာနိုးသွားပြီ ဖြစ်သည့် Kyung Soo က ပြုံးပြလာရင်း Jongin နှုတ်ခမ်းလေးကို နမ်းလိုက်သည်။

"ဟီး သိုင်းကျုး Jong Jong"

"ကဲရေချိုးတော့နော်။ကိုယ်စားဖို့ အသင့်ပြင်ထားပေးမယ်"

Kyung Soo ရေသွက်သွက်ချိုးပြီးသာ ပြန်ထွက်လာလိုက်သည်။အားကစားဝတ်စုံအမဲလေးကိုသာ ဝတ်လိုက်သည်။ထိုဝတ်စုံက သက်တောင့်သက်သာ အရှိဆုံးပင် ဖြစ်သည်။Kyung Soo ခေါက်စားပွဲလေးရှေ့မှာ ဝင်ထိုင်လိုက်သည်နှင့် Jongin က ထမင်းကြော်ပန်းကန်လေး နှစ်ခွက်နှင့် အတူ မုန်လာဥနီဖျော်ရည်လေးပါ ချပေးလာသည်။

"မြည်းကြည့် Kyung။ကိုယ် မင်းအကြိုက် စပ်စပ်လေးချက်ထားပေးတယ်။"

PAINFUL LOVE#One Shot(Unicode & Zawgyi Version)Where stories live. Discover now