ပေးဆပ်ခြင်း(အပိုင်း၈)

1.6K 150 0
                                    

ကျွန်တော် Nana နဲ့ ပတ်သတ်ပြီး အိမ်မက် မက်ပြီးကတည်းက Beakအပေါ် ချစ်တဲ့ကျွန်တော်စိတ်တွေ မသန့်သလိုခံစားရတယ်။အဲဒါကြောင့် ကျွန်တော် ဒီနေ့ Beakကိုဖွင့်ပြောပြီး ချစ်ခွင့်ပန်ဖို့ Baekကို ပန်းခြံတစ်ခုမှာ ချိန်းလိုက်တယ်။

"ဟူး....... ဘာလို့များ Baekနဲ့တွေ့မယ့်နေ့ကျမှ လူနာတွေများနေရတာလဲ။ကျွန်တော်ပဲစိတ်တွေလောနေလားမသိ လုပ်နေရတဲ့အလုပ်က ခုတော့မပြီးတော့ဘူး။"

အဲဒါနဲ့ပဲ ကျွန်တော် ချိန်းထားတဲ့နေရာကို 15mins နောက်ကျပြီးရောက်သွားတယ်။

"Baek ကိုယ်နောက်ကျသွားလို့ sryပါ။ဒီနေ့ကျမှ အလုပ်တွေပိနေလို့။"

"ရပါတယ် Yeolရယ်။ Baekနားလည်နိုင်ပါတယ်။ဒါနဲ့Baekကို ဘာကိစ္စအတွက်နဲ့ချိန်းတာလဲ။"

"Baekကို ကိုယ်ဝန်ခံစရာရှိလို့။ ကိုယ့်ရဲ့ အတိတ်ပြီးတော့ Baekကို ချစ်နေတဲ့အကြောင်း"

ကျွန်တော် Baekကို ကျွန်တော်Nana နဲပတ်သတ်တာမှန်သမျှ ပြောပြခဲ့တယ်။နောက်ပြီး Baek ကို
ချစ်တယ်ဆိုတဲ့စကားလေးကိုရောပေါ့။

"Baek ကိုယ့်ကိုအထင်သေးသွားပြီးလားဟင်။ ကိုယ့်က Baekကို ချစ်ဖို့ မထိုက်တန်တဲ့လူစားမျိုးပါ။"

"Baek နားလည်ပေးလို့ရတယ် ထင်တယ် Yeol။ အဲလိုနားလည်ပေးနိုင်တယ်ဆိုတာ Yeolကို Baekချစ်လို့ထင်တယ်။"

"ဘယ်လို ဘယ်လိုပြောလိုက်တာလဲ Baek။ ကိုယ်နားကြားမှားတာမဟုတ်ပါဘူးနော်။"

"မမှားပါဘူးရှင်။ တကယ်ပြောတာပါရှင်"
"အဲဒါဆို ကိုယ့်ကိုအထင်မသေးဘူးပေါ့နော်။"

"သြော် ခက်ပါရောလား။ကိုယ်ချစ်တဲ့သူ ဘယ်လိုကိစ္စပဲလုပ်လုပ် နားလည်မှုခွင့်လွှတ်မှုပေးရတာ ကိုယ့်ချစ်သူပဲမဟုတ်လား။"

"တကယ်လို့ ကိုယ်က လူသတ်သမားဆိုရင်ရော နားလည်မှုပေးနိုင်မလား။"

"အဲဒါ စဉ်းစားစရာပဲ။ Yeol လူသတ်သမားဆိုရင် လူသတ်ရတဲ့ အကြောင်းတော့ရှိမှာပေါ့ မဟုတ်ဘူးလား။"

"ဟုတ်ပါ့ဗျာ။ အဲလိုနားလည်ပေးတဲ့ ချစ်သူရတဲ့အတွက် ကိုယ်ပြောမပြတတ်အောင်ပျော်တယ်သိလား။ဒါနဲ့လေ ကိုယ်နောက်၂လနေပြီးရင် Korea ပြန်ရတော့မယ် အဲဒါBaekကို ခေါ်သွားချင်တယ်။Baek လိုက်ခဲ့မယ်မှတ်လား။'

ပေးဆပ်ခြင်းHikayelerin yaşadığı yer. Şimdi keşfedin