"ဟုတ်ကဲ့ Star Talk အစီအစဉ်ကိုကြည့်နေတဲ့ပရိတ်သတ်ကြီး မင်္ဂလာပါ..ဒီနေ့ကျမတိုအစီအစဉ် ရဲ့အထူးဧည်သည်နှစ်ယောက်ကတော့ တောင်ကိုရီးယား နိုင်ငံရဲ့ အကျော်ကြားဆုံးရုပ်ရှင် တကားဖြစ်တဲ့ Cruel God ဇာတ်ကားရဲ့ အဓိက ဇာတ်ဆောင် နှစ်ယောက် Park Chanyeolနဲ့ D.O Kyung Sooဖြစ်ပါဒယ်..ကဲလူချောနှစ်ယောက် စင်ပေါ်ကိုကြွပေးပါရှင်.လက်ခုပ်လေးနဲ့ကြိုဆိုပေးကြရအောင်.."
ကျယ်လောင်လှသော လက်ခုပ်သံအဆုံးတွင် အရပ်ရှည်ရှည် လူငယ်တစ်ယောက် နဲ့ ခပ်ပုပုသေးသေး ချစ်စရာ ကောင်လေးတစ်ယောက် စင်ပေါ်က Sofaတွေပေါ်မှာနေရာယူလိုက်သည်..အကောင်သေးသေးကောင်လေးက နှစ်လိုစရာပြုံးရွှင်နေပေမယ့် သူ့ဘေးက လူကတော့ ရုပ်နဲ့မလိုက်အောင် တင်းမာနေသည်..ဒါက သူ့ပုံမှန်မျက်နှာထားပင်.....
"မင်္ဂလာပါ Do Kyung Sooနဲ့Park Chanyeol "
"Nae မင်္ဂလာပါ. "
"ကဲအခု မိတ်ဆက်ပေးပြီးပြီ ဆိုတော့ ကျမတို့ရဲ့အစီအစဉ်ကို စလိုက်ကြရအောင်.DOက အရင်ပြောပေးပါ...ဒီဇာတ်ကားကို ရိုက်ဖြစ်တဲ့အကြောင်းအရင်းလေး.ဒီကားထဲက DOရဲ့ပုံစံက အခုပုံနဲ့ကွဲပြားတယ်နော်."
"Nae...ကျွန်တော် ဒီကားကိုလက်ခံဖြစ်တာက ကျွန်တော်က ဗီလိန် အဖြစ်သရုပ်ဆောင်ရမှာမို့ပါ..."
"ဒါဆို DO Kyung Sooက ဗီလိန် ဇာတ်ရုပ်တွေကို သဘောကျတယ်ပေါ့.."
"မဟုတ်ပါဘူး တစ်စုံတစ်ယောက်ကြောင့် ကျွန်တော်က ဒီဇာတ်ရုပ်ကိုရွေးချယ်ခဲ့တာပါ..ဒီဇာတ်က ကျွန်တော့ကို သက်တောင့်သက်သာဖြစ်စေပါတယ်.."
"Nae.ဒါဆို ဒီတခါတော့ Park Chanyeolကိုမေးမယ်.အခုတလော Chanyeolရဲ့သတင်းတွေ ကြားနေရတယ်တော် ဇနီးဟောင်းလေး Luhanနဲ့ ပြန်ပေါင်းတော့မယ်ဆိုအမှန်ဘဲလားမသိဘူးရှင့်.."
"ဒါက.......အမှန်ပါဘဲ...ကျွန်တော် ပြန်ပေါင်းကြဖို့ လုပ်နေကြပါဒယ်...ရင်သွေးလေးလဲ ရှိလာပြီဆိုတော့"
Chanyeol သူနဲ့ မျက်နှာချင်းဆိုင် ကျုံ့ ကျုံ့လေးထိုင်နေတဲ့ Kyung Sooအား တစ်ချက်အကဲခတ်ရင်း ဖြေလိုက်သည်..."Wow...တဂယ့်သတင်းထူးပါပဲရှင်.ဒီ ဇာတ်ကားလေးထဲမှာ Chanyeol က ချစ်သူကောင်မလေးကို တအားအနစ်နာခံပြီးချစ်ရင်းနဲ့ မင်္ဂလာဆောင်နေ့မှာ.ကောင်မလေးကိုတဖက်သတ်ကြိုက်နေတဲ့ အချစ်ဆုံးသူငယ်ချင်း Do ရဲ့သတ်ခြင်းကိုခံလိုက်ရတဲ့ ကောင်လေးအဖြစ်အရုပ်ဆောင်ခဲ့ရတာနော်.ဇာတ်ကားကို သရုပ်ဆောင်ခဲ့ဖြစ်ပုံလေး.."
"တဂယ်တော့ ကျွန်တော် ဒီဇာတ်ကားကို သရုပ်ဆောင်ဖို့ငြင်းခဲ့တာပါ.ဒါပေမယ့်.."
"ဒီလောက်ဆို ကျမတို့ရဲ့ ပရိတ်သတ်ကြီးက သိနေလောက်ပါပြီ..Luhanကြောင့်များလား..ဒီဇာတ်ကားရဲ့ မင်းသမီးက ဇနီးဟောင်းလေးလေ"
"Haha အဲ့လို ထင်သွားလား..ဟုတ်ပါဒယ်.."
"ဒီကားလေးကိုကျမတို့ကြည့်လိုက်တော့ Chanyeolနဲ့Doတို့ရဲ့အခန်းတွေက အရမ်းကိုပီပြင်ပြီး အသက်ဝင်တယ်နော်.လုံးဝ အစစ်လိုဘဲ နောက်ဆုံး သူငယ်ချင်းရဲ့ အသတ်ခံလိုက်ရတဲ့အခန်းမှာဆိုရင် အမြဲခွင့်လွှတ်တဲ့အကြည့်လေးနဲ့ကြည့်သွားတာ..Doဆိုရင် လုံးဝကိုမုန်းမုန်းတီးတီးနဲ့Chanyeolကိုသတ်သွားတာအရမ်းကိုပီပြင်ပါဒယ်ရှင် ..ဒါကိုရော ဘယ်လိုလေ့ကျင်ခဲ့တာလဲ..DOကအရင်ပြောပေးပါလား..."
"ခံစားချက်အစစ်တွေမို့ပါ.. .Chanyeolကို တဂယ်သတ်ချင်ခဲ့တာ"
"ရှင်..."
ခုနကပြုံးရီနေတဲ့ မျက်နှာနဲ့မတူ တင်းမာလျှက်မျက်နှာထားနဲ့ဖြေလိုက်တဲ့Doကြောင့် အားလုံးမှင်သက်သွားသည်...."Arr.လန့်သွားကြလား ကျွန်တော်က နောက်လိုက်တာပါ....ကျွန်တော်က ဘာကိစ္စ Chanyeol ကို သတ်ချင်ရမှာလဲ...ဟုတ်တယ်နော်...Chanyeol.."
Chanyeolကိုထောက်ခံမေးခွန်းမေးလိုက်ရင်း ကင်မရာဘက်လှည့်ပြီးခပ်လှလှ နှုတ်ခမ်း ပေါ်အောင် ရီပြလိုက်သည်.."သြော်.....အင်း....ဟုတ်တာပေါ့. "
ကျွန်တော်ဖြေလိုက်ရတဲ့KyungSooရဲ့မေးခွန်းကြောင့် ခေါင်းနပန်းကြီးသွားမိတယ်...တစ်ချိန်ထဲမှာဘဲ ကျွန်တော့ရဲ့စကားမှားသွားပြီ ဆိုတာလဲ သတိပြုမိလိုက်တယ်....Miya Kyuns Soo Ya..ဟင့်အင်း...ကျွန်တော်တောင်းပန်စရာမလိုဘူး...အရင်ကဇာတ်လမ်းမှာ ကျွန်တော်က ဗီလိန်ဆိုပေမဲ့ တဂယ်တန်းဆုံးရှုံးခဲ့တာကျွန်တော်ပါ...ဆုံးရှုံးခဲ့တာများခဲ့ပေမဲ့ သူ့ကို မမုန်းခဲ့မိတာတော့ ကျွန်တော့်ကို ဘုရားသခင်က ပေးထားတဲ့ နှလုံးသားတစ်စုံပင်...To be continue