May 1 ## 11:00 P.M
သူမပြေးရင်းလွှားရင်း မြေအောက်ရထားမှာ LED တွေကြောင့် မှင်သက်သွားမိသည် ဟုတ်သားပဲ သူ့မွေးနေ့တောင်ရောက်တော့မှာပါလား LED ကြီးကိုကြည့်ကာ ပြုံးမိသည် သူရဲ့အပြုံးတခုလေးနဲ့ မြေအောက်ရထားဆင်းတဲ့တစ်လျှောက်မှာ အလင်းရောင်လေးတွေဖြာနေပါတယ် လက်က vibrate သံကြောင့် ဖုန်းကိုမကိုင်ခင် နာရီကိုကြည့်မိတယ် 11 ကျော်နေပြီ ရထားလွဲလို့မဖြစ် ခဏနေလာတော့မှာ မဟုတ်ရင် လမ်းလျှောက်ပြန်ရတော့မယ် ဖုန်းကိုကိုင်လိုက်ရင်း
#လာနေပါပြီဟ ခဏနော် နှုတ်ဆက်ဦးမယ်
သူမဖုန်းပြောရင်း LED တွေကို လက်ပြကာ
Bye နက်ဖြန်မှတွေ့မယ် သူမကနေ LEDပေါ်မှာပြုံးနေတဲ့သူ့ကို နှုတ်ဆက်မိတယ်ဖုန်းထဲကနေတော့ #ဘာလုပ်နေတာလဲMinJae
#ဘာလုပ်ရမှာလဲနှုတ်ဆက်နေတာလေ သူ့ကို
#ရူးကြောင်ကြောင်နဲ့
#လာနေပြီ ဟော ဟော ရထားဝင်လာပြီဒါပဲ
ဟိုဘက်ကပြောပြောမပြောပြော ဒီဘက်ကတော့ဖုန်းစွတ်ချရင်း သူ့မျက်နှာကိုတချက်လှည့်ကြည့်ကာရထားပေါ်
အပြေးတတ်ခဲ့သည်သူဆိုတာ သူမ ဘဝ အလင်းရောင်လေ သိပ်ချစ်ရတဲ့သူပါ
သူဘက်ကတော့မသိနိုင်ပေမဲ့ သူမ ဒီကိုရီးယားကို သုံးနှစ်လောက်ကြိုးစားပြီး လာခဲ့ရသူပါ :') သူကိုတွေ့ချင်တာနဲ့ပါ ဒါသူမရဲ့ ရည်မှန်းချက်တခုပဲလား ?
သူဆိုတာ ဟုတ်ပါတယ် ByunBaekhyun ပါပဲ##########
#ကြာလိုက်တာဟာာ ငါဖြင့်နင်ဒုက္ခရောက်နေတာလားလို့
တံခါးကမဖွင့်ရသေးဘူး အသံအရင်လာတဲ့ Youngieကို ရီချင်မိပါသည် သူမ ဝင်လိုက်ပြီးတော့ လွယ်အိတ်လေးပစ်ချလိုက်တယ်
#ဘယ်လိုလဲ မြန်မာနိုင်ငံပြန်ချင်သွားတာလား
Youngie ကနေ သူမကိုလှမ်းမေးသည် သူမအပြုံးမပျက်ပါ
#နင်ကလည်း မဟုတ်ပါဘူး ဒီတသက်သူနဲ့တွေ့ရပါ့မလားလို့ဟာာသူ့ကိုတွေ့ချင်လို့ သုံးနှစ်လောက်ပိုက်ဆံစုပြီးဒီကိုလာခဲ့တာပါ မိဘတွေက တခဏတော့ ဆန့်ကျင့်ပေမဲ့ ခုတော့ ရတဲ့အလုပ်လေးနဲ့ပိုက်ဆံပို့ပေါ့ ဒါပေမဲ့ သိပ်အဆင်မပြေတော့လည်း လူသာရောက်ခဲ့တာ သူ့ concert ထိ မသွားနိုင်သေး အော် ဘဝကလည်းနော်…ဒါလေးပဲ ညည်းနိုင်ပါတယ် သူ့ကိုတွေ့ချင်လို့ တဘဝလုံး ဆုံးဖြတ်ခဲ့ပြီကိုး နောင်တမရပါပေ
![](https://img.wattpad.com/cover/34323762-288-k138305.jpg)