Stupid Cupid
one shot
***XiuHan×OC
***(16+)
***သရဲမလေး ချာနမ်ဂျုနေရာတွင်ကိုယ်တိုင်ဝင်ရောက် ခံစားနိုင်သည်။×~×~×~×~×~~×~×~×~
လောကကြီးက သာယာလိုက်တာနော်
တယောက်ထဲနေပြီး လုပ်ချင်ရာလုပ်လို့ရတယ် အေးဆေးပဲ
ကျမကို ဘယ်သူမှလဲမမြင်ရဖူး…
သွားချင်တဲ့နေရာ စိတ်နဲ့သွားလို့ရတယ်
လုပ်ချင်တာတွေကိုလဲ စိတ်နဲ့ခိုင်းစေလို့ရတယ်
ပိုက်ဆံလဲမကုန်ဘူး
ပျော်ဖို့တော့ကောင်းသား။
ပြီးတော့ အရင်က အနားကပ်ခွင့်မရတဲ့ သူ့အနားမှာလဲ အမြဲနေနိုင်တယ် ဟီးး
ဟုတ်ပါတယ်။
ကျမ နာမည် ချာနမ်ဂျုပါ
ကျမဆိုတဲ့ ချာနမ်ဂျုက ဝိညာဉ်လေးတယောက်ပါ
တချို့လူတွေကတော့ သရဲလို့ခေါ်ကြတယ် ဒါပေမယ့် အဲဒီအခေါ်အဝေါကို ကျမ မကြိုက်ပါဝူး
ဘာလို့လဲဆိုတော့ ကျမက သရဲကြောက်တတ်လို့ပါ
ဟီးး သရဲက သရဲကိုပြန်ကြောက်တယ်လို့ပြောလို့ ထူးဆန်းတယ်မလား?
ကျမက ဝိညာဉ်သာဖြစ်နေတာ တခြား ဝိညာဉ်တွေလို ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာမျိုးမဟုတ်ဖူး
ပိုးသားဂါဝန်အဖြုလေးနဲ့ ဆံပင်အဝါရောင်နဲ့ အရမ်းကိုလှပတဲ့ ဝိညာဉ်လေးပေါ့။
တခြား ဝိညာဉ်တွေ ကျမကို Propose လုပ်ထားတာအများကြီးပါ ဒါပေမယ့် ကျမ လက်မခံပါဖူး
ဘာလို့လဲဆိုတော့ ကျမ အရမ်းချစ်တဲ့သူရှိလို့ပါ သူ့နာမည်ကတော့ Luhan တဲ့
Luhan လေ EXO အဖွဲ့က Face of the group ကြီးပေါ့
သူက တရုတ်သာဆိုတယ် ကိုရီးယားအတိုင်းပဲ အသားအရေလေးကကော အသံလေးကကောအရမ်းကောင်းတာ
သူ့မျက်နှာလေးက နတ်သားတပါးအတိုင်းပဲ အရမ်းကိုချောမောလွန်းတယ်
ကျမ ဝိညာဉ်ဘဝစရောက်ကတည်းက မှတ်မိတာဆိုလို့ သူ တယောက်ပဲရှိခဲ့တာ
မသေခင်တုန်းက သူ့ fan ဖြစ်ခဲ့တယ် ထင်တယ်
ဒီဘဝရောက်တော့ သူ့ကိုစိတ်ဆွဲပြီး သူ့အနားပဲ တဝဲလည်လည်ဖြစ်နေတယ်။
အရင်ဘဝကတော့ သူ့ကိုအဝေးကပဲမြင်ခဲ့ရပေမယ့် ဒီဘဝမှာ အနီးကနေ မြင်တွေ့ခွင့်ရတယ်လေ
တနေ့တနေ့ သူ့ကိုသွားချောင်းရတာ အကျင့်ကြီးတခုလိုဖြစ်နေပီလေ။
ဟော။အခုလဲ သူတို့ဘယ်ရောက်နေလဲမသိပါဘူး
Twitter က Luhan fansite တွေမှာ သူဘယ်ရောက်လဲ ရှာကျိဦးမှပါ။
အော်။သူတို့က night club မှာကိုးး။
ဘာသွားလုပ်ကြပါလိမ့်။
ငါလဲအမြန်လိုက်သွားဦးမှပါ။
YOU ARE READING
XiuHan oneshot Collection
RandomCollection of XiuHan one shot fanfictions XiuHan oneshot တွေပဲရေးမှာပါ #XiuHanForever #XiuHanismylife