Angel
XH(Yaoi)
oneshotကျွန်တော် ခေါင်းကိုက်သလိုလို အာခေါင်ခြောက်သလိုလိုခံစားရလို့ တရေးနိုးလာခဲ့တယ် နာရီကိုကြည့်တော့ ၁ နာရီပဲရှိသေးတယ် ရေဆာတာနဲ့ မီးဖိုချောင်ထဲဝင်ပြီး ရေထုတ်သောက်လိုက်တယ် ရေခဲသေတ္တာပြန်အပိတ်မှာ
"အမလေး ဘာကြီးတုန်းဟ"
ကျွန်တော့်မျက်စိရှေ့မှာ အနက်ရောင်ဝမ်းဆက်နဲ့ ကောင်လေးတယောက်
ထိုကောင်လေးက လက်ထဲမှာစာအုပ်တအုပ်နဲ့ မျက်မှန်အဝိုင်းကလေးတပ်ထားပြီး သူ့ကိုစိုက်ကြည့်နေတယ်
အသားလေးက ဖြုစွတ်ပြီး ပါးဖောင်းဖောင်းလေးနဲ့ ချစ်ဖို့တော့ကောင်းသား
ဒါပေမယ့် ညဘက်ကြီးအခုလိုတွေ့လိုက်ရတော့ ကြောက်စရာကြီးရယ်"ဒီနေ့ ခင်ဗျားသေနေ့စိပြီ သေတော့"
ဟာဗျာ ဗလိုင်းကြီးလူကိုလာသေခိုင်းနေတယ်
ကျွန်တော့်အသက်က အခုမှ ၂၀ ကျော်ကျော်ပဲရှိသေးတယ်
နိုင်ငံကျော်ဘောလုံးသမားဖြစ်အောင်တောင်မကြိုးစားရသေးဖူး
မိန်းမတောင်မရသေးဖူး သေစရာလား ဘာလို့သေရမှာလဲ?"မင်းဘယ်သူလဲ?ငါ့အိမ်ထဲကိုညဘက်ကြီးခိုးဝင်ပြီးတော့ ငါ့ကိုသေခိုင်းနေတယ် ဘယ်လိုဟာလေးလဲ?"
"ဟင်?အချိန်စိပြီကိုမသေပဲငါ့ကိုစကားပြန်ပြောနေပါလား?"
ကျွန်တော့်မျက်စိရှေ့ကကောင်လေး စာအုပ်ကိုဘယ်ပြန်ညာပြန်လှန်ကာ တခုခုကိုရှာဖွေနေပုံပင်။
ပါးစပ်ကလဲပွစိပွစိနဲ့ အတော်ချစ်ဖို့ကောင်းသား
နဂိုထဲက ချစ်ဖို့ကောင်းတဲ့ကောင်လေးတွေက ကျွနိတော့် style လေ။
အသဲယားလာပြီ ခိခိ"ဟာ ငါအိမ်မှားလာတယ်ထင်တယ် ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ?"
"Luhan"
"Luuhan နဲ့မှားလာတာ ဆောရီးသွားလိုက်ဦးမယ်ေ်နာ်"
"ခဏလေး ငါမင်းကိုထပ်တွေ့ချင်သေးတယ် နက်ဖန်ဒီလိုအချိန်ပြန်လာခဲ့နော် စကားတွေပြောချင်လို့"
"မရဖူး ကျွန်ေ်တာ့်မှာအလုပ်ရှိတယ်ဗျ"
ကျွန်တော့်ကို ဘုကြည့်ကြည့်ပြီး ပျောက်သွားတဲ့ကောင်လေးကိုကြည့်ပြီး မျက်လုံးပြုးသွားတယ်။
သူလေးကဘာလေးလဲ?လူလား?နတ်လား?
ဒါမှမဟုတ် ကျွန်တော် အိပ်မက်မက်နေတာလား?
ဆွဲဆိတ်ကြည့်တော့လဲ နာသားဟ
ဟူးးး ဘာပဲဖြစ်ဖြစ် ထိုကောင်လေးကြောင့် ရင်တောင်တဒိတ်ဒိတ်ဖြစ်သွားတယ်
ပြန်အိပ်ဖို့ကြိုးစားပေမယ့် မျက်လုံးပြုးနေသဖြင့် ဝရန်တာကိုထွက်ပြီး ကြယ်တွေလတွေကိုမော့ကြည့်နေမိသည်။
တကယ်တော့လဲ ဒီလိုအိမ်ကြီးထဲမှာတယောက်ထဲနေရတာအရမ်းအထီးကျန်တာပဲ။
မိတ်ဆက်လိုက်ဦးမယ်။
ကျွနိတော့်နာမည်က Luhan အသက်ကတော့ ၂၀ အလုပ်ကတော့ ဘောလုံးကစားသမား မိဘတွေကတော့ဆုံးသွားပြီ။
ရည်းစားလဲမရှိ မရှိဆို မိန်းကလေးတွေကိုကျွန်တော်ကြည့်မရဘူးဗျ
ပဲများရတာနဲ့ ပိုက်ဆံမက်ရတာနဲ့ တကယ်ပါဗျာ သူတို့ကိုစိတ်ကုန်လို့ တယောက်ထဲနေနေတာ
ရှင်းရှင်းပြောရရင် တကောင်ကြွက်ပေါ့ဗျာ
ခုတော့ ကျွန်တော့်ရင်ကိုလှုပ်ခတ်သွားစေနိုင်တဲ့ကောင်လေးတယောက်နဲ့တွေ့ပြီ။သူနောက်နေ့လာရင်ကောင်းမှာပဲ။

YOU ARE READING
XiuHan oneshot Collection
RawakCollection of XiuHan one shot fanfictions XiuHan oneshot တွေပဲရေးမှာပါ #XiuHanForever #XiuHanismylife