On August~~~
@Seoul.....
Seoul မြို့ရဲ့ ပတ်ဝန်းကျင်အရောင်သည် စိုပြည်လန်းဆန်းခြင်းမရှိ......
အရောင့်ရင့်နေသည်.....မကြာမီ~~~
မိုးရွာတော့မည်.....ဟော....တွေးနေတုန်းရှိသေး မိုးရွာလေပြီ......
ထိုမိုးနှင့်အတူ ရင်ထဲကခံစားချက်များလည်း ငိုကြွေးလေပြီ.....
မိုးစတင်ရွာနေပြီဖြစ်သောကြောင့် ကားလမ်းပေါ်၌ ကားများလည်း အလျှို အလျှို မောင်းနှင်ကာ သက်ဆိုင်ရာနေရာဆီသို့ ဦးတည်လေသည်......
ထို့ပြင် အရောင်အသွေးစုံလင်လှသော ထီးကလေးများသည် ပတ်ဝန်းကျင်နှင့်မလိုက်ဖက်စွာ တောက်ပပြီး လှုပ်လှုပ်ရှားရှား ရွေ့ လျားနေကြလေပြီ........
ပတ်ဝန်းကျင်ဟာအုံ့မှိုင်းနေသော်လည်း မိုး၏အရှိန်ကြောင့် လေများဟာ လတ်ဆတ်နေလေသည်~~~~
ထိုကဲ့သို့ လတ်ဆတ်သော လေများကိုရှူ ရှိုက်နေရသော်လည်း ရင်ထဲ၌ မလန်းဆန်းပေ.......
တစ်ယောက်သောသူကိုမူ လွမ်းဆွတ်နေသည်.......
ထိုသူကား ကျနော် Min Suga ကို သူ့အသက်ထက် ချစ်မြတ်နိုးသူပင်.....
ကျနော့်အပေါ် ကောင်းကောင်းဆိုးဆိုး ဆက်ဆံသူပင်......
ကျနော် ဒုက္ခရောက်နေတိုင်း သူပေါ်ပေါ်လာကာ မိန်းကလေးတန်မဲ့ ရဲရင့်ပြတ်သားစွာ ဖြေရှင်းပေးသူပင်.....
သူ၏စိတ်ခံစားချက်များကို သိုဝှက်ကာ ရင်နာနာနှင့် ကူညီပေးခဲ့သူပင်.......
ထိုကဲ့သို့သော သူမျိုးကိုပင် ကျနော် လျစ်လျှူ ရှုခဲ့မိသည်.......
သူမ၏ခံစားချက်များကို ရိပ်မိပါလျက်နှင့်......
ခုတော့.....သူမ...ကျနော့်နားမှာမရှိတော့.....
နောင်တဆိုတဲ့ ပူဆွေး ပူလောင် ခံစားမှု....တသသ ဖြစ်နေရသောခံစားမှု.....နှင့်ရောယှက်ကာ လွမ်းဆွေးရမှု........